
အီလီနွိုင်းပြည်နယ် အာကိုးလားမြို့လေးရဲ့ ကော်ဖီဆိုင်တစ်ခု။
သာယာ လှတဲ့ မနက်ခင်းလေးမှာ အယ်လ်ရားရဲ့ ကော်ဖီဆိုင်လေး အထဲမှာတော့ ဖောက် သည်များနဲ့ စည်ကားနေပါပြီ။ ဒီဆိုင်လေးအထဲကို ရောက် တာနဲ့ အမေရိကန်ပြည်နယ်ရဲ့ အချက်အချာ ဗဟိုကို ရောက်နေသလို ခံစားနေ ရစေမှာပါ။
သစ်ဆိုင်မန်နေဂျာ ဘီလ်လည်း ရောက်နေပြီ။ သူ့ရဲ့ ရုံးစာရေးနဲ့အတူ မနေ့ညက ဘောလုံးပွဲ အကြောင်း မြိန်ရည်ယှက်ရည် ပြောနေကြတယ်။ ဘီလ်နဲ့ရေးလ်လိုဘဲ အခြား လူပေါင်း ၁၆၀ကျော်ဟာလည်း အယ်လ်ရားရဲ့ ဒီကော်ဖီဆိုင်လေးမှာ သောက်နေကြ ဖောက်သည်များ ပါဘဲ။
ထူးခြားတာက သူတို့သောက်နေကြတဲ့ ကော်ဖီခွက်တိုင်းမှာ သူတို့ရဲ့ နာမည်တွေ ကိုယ်စီ ရေးထိုးပေး ထားတာပါဘဲ။ ဒါကြောင့် ဖောက်သည် တစ်ဦး ဆိုင်အ၀ကို ရောက်လာတာနဲ့ အယ်လ်ရားက သူ့နာမည်နဲ့ ကော်ဖီခွက်ကို ရွေးချယ်ပြီးသား။ ဒီလိုကော်ဖီ ပန်းကန်တွေမှာ နာမည်ရေးထိုးပေးခဲ့တာ နှစ်ပေါင်း ၃၀ကျော် ကြာခဲ့ပြီ။
ဆိုင်ရှင် အယ်လ်ရားက ” ဒီလို နာမည် ရေးထိုးထားတဲ့ ကော်ဖီပန်းကန်တွေကိုဘဲ ထပ်တလဲလဲ ဆေးကြောခွင့်ရနေတာ တစ်မျိုးတော့ စိတ်ဝင်စားစရာ ကောင်းသားဗျ” လို့ ရယ်မောပြီး ပြောတယ်။

တကယ်လို့များ ဆိုင်ကို လူသစ်တစ်ယောက် ရောက်လာရင်တော့ အယ်လ်ရားရဲ့လက်ထောက် ဗင်နီက ကော်ဖီပန်းကန်ပေါ်မှာ မိမိရဲ့ နာမည် ရေးထိုးစေချင်တယ်ဆိုရင် ဘယ်လို စည်းကမ်းချက်တွေကို လိုက်နာရမယ်ဆိုတာ သေခြာ ရှင်းပြပေးတယ်။ ဗင်နီက ” ကော်ဖီခွက် မှာ နာမည်ရေးထိုးခွင့်ရဖို့ ကော်ဖီခွက်ပေါင်း ၁၀၀ပြည့်အောင် သောက် ပေးရမယ်ရှင့် “
” ခွက် ၁၀၀တောင် သောက်ရမယ်ဟုတ်လား ” ..လို့ ဖောက်သည်အသစ်က တအံ့တသြ ရေရွတ် လိုက်တယ်။ ဒီင်္တော့ ဘေးစားပွဲမှာ ကော်ဖီသောက်နေတဲ့ မက္ကင်းနစ် စက်ပြင်ဆရာ ပက်မာဖေးက ” ဟုတ်တယ်..
ခွက်၁၀၀ပြည့်မှ နားမည်ကို ပန်းကန်မှာ ရေးပေးမှာ ” ဆိုပြီး သူ့ခွက်လေးကို ဂုဏ်ယူ သလိုနဲ့ လှမ်းပြလိုက်တယ်။
ပက်က လွန်ခဲ့တဲ့ နှစ်၃၀ထဲက အယ်လ်ရားရဲ့ ဆိုင်မှာ ကော်ဖီ ၅ဂါလန်ပြည့်အောင် သောက်ခဲ့ပြီးပြီ။ သူ့ကို ဆိုင်က ဆုချတဲ့ အနေနဲ့ သူရဲ့ ကော်ဖီပန်းကန်မှာ သူ့နာမည် အပြင် ခွနဲ့ ၀က်အူလှည့်နှစ်ချောင်း ကြက်ခြေခတ်ပုံလေးပါ ထည့်ရေးပေးထားတော့ သူ သဘောခွေ့ နေတော့တာပေါ့။

အယ်လ်ရားရဲ့ ကော်ဖီပန်းကန်စင်မှာ နာမည်များ ရေးထိုးထားနဲ့ ကော်ဖီ ပန်းကန်ပေါင်း ၁၆၂ ခွက်ရှိနေတယ်။ ကော်ဖီ သောက် သူ တွေက တစ်ယောက်နဲ့ တစ်ယောက်လည်း ရင်းနှီးခင်မင်နေကြပြီ။ တစ်ခါတစ်ရံ အာကိုးလားမြို့လေးရဲ့ ထုံးစံအတိုင်း နာမည်ပြောင်များ ကိုလည်း ရေးထိုးပေးရတဲ့ အခါမျိုးရှိပါတယ်။ ဂျွန်ကလပ်ဆိုရင် သူ့ငယ်နာမည်က ဘလက်ခ်ကီး။ ဒါကြောင့် အခု သူ့ကော်ဖီခွက်မှာ နာမည်နဲ့ အတူ သော့အမည်းလေး ရေးထားပေးတယ်။ အာကိုးလား မြို့မှာနေပြီး ဒီလို ကော်ဖီမျိုးလေး ၅ဂါလန်ပြည့်အောင် သောက်ချင် စမ်းပါဘိ။
ကော်ဖီပန်းကန်မှာ နာမည်ရေးထိုးတဲ့ ကိစ္စက အသေးအဖွဲ ကိစ္စလေးပါ။ ဒါပေမယ့် ဒီမြို့မှာမနေတော့ရင် ဖြစ်စေ၊သေဆုံး သွားရင်ဘဲ ဖြစ်စေ၊ ဒီဆိုင်လေးရဲ့ နံရံကပ် ဘီဒိုထဲမှာ နာမည်ရေးထိုးခြင်း ခံထားရတဲ့ ကော်ဖီခွက်လေးတွေ တစ်ခွက်ပြီး တစ်ခွက် တိုးလာတာက ဒီဆိုင်လေးရဲ့ ကောင်းမွန်တဲ့ ပြယုဂ် တစ်ခုပါဘဲ။ အယ်လ်ရားရဲ့ ဒီကော်ဖီ ဆိုင်လေးဟာ ဒီမြို့လေးရဲ့နားနဲ့မျက်စေ့ဖြစ် တယ်။ ဒီမြို့လေးရဲ့ ရာဇ၀င်၊ ဒီမြို့လေးရဲ့ သမိုင်း ဖြစ်နေတော့တယ်။
ဒီဆောင်းပါးလေး ဖတ်မိတော့ ကျွန်မ တော်တော့ကို နှစ်သက်မိပါတယ်။ ဆိုင်တစ်ဆိုင်မှာ ခုလိုနှစ်ရှည်လများ သောက်နိုင်ဖို့ဆိုတာ သူ့ရဲ့ ကော်ဖီ ထဲမှာ ဆိုင်ရှင်ရဲ့ သူ့ဖောက်သည်တွေ အပေါ်မှာ ထားတဲ့ ဂရုစိုက်မှု၊ စွဲဆောင်မှု တွေသာမက စားသုံးသူတွေနဲ့ တစ်သားတည်း ကျနေတဲ့ သူ့ရဲ့ ရိုးရှင်းပေမယ့် အဖိုးထိုက်တန်တဲ့ စေတနာတွေနဲ့ ရောမွှေ ဖော်စပ်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်ရှင်။ သမိုင်းဆိုတာ ကိုယ်တိုင်ရေးယူ ရတာမျိုး မဟုတ်ပါလားရှင်။
< Charles Kuralt ရဲ့ On The Road With Charles Kuralt မှ ကော်ဖီပန်းကန်များကို ခံစားရေးဖွဲ့ပြန်ဆိုပါသည်။ >
မှတ်ချက် ။ 30 January 2010 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
1 comments:
ကိုယ့်သမိုင်းကို ကိုယ်သာလျှင် ထုဆစ်ပုံဖော်ကြတာပါပဲ
လက္ခံပါတယ် အစ်မရေ။
Post a Comment