
ဒီရက်ပိုင်း ကျွန်မနဲ့ ကိန်းဂဏန်းတွေ လုံးထွေး သတ်ပုတ်နေရတယ်။ သူတို့က ကျွန်မကို ဖိစီးနေကြတယ်။ ကျွန်မ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကိန်းဂဏန်းတွေ ဘယ်က စတင် ခဲ့ပါသလဲလို့။ ဘယ်သူ ကများ ဒီ ဂဏန်းတွေကို စတင် တီထွင်ခဲ့ပါသလဲလို့။
ကျွန်မစဉ်းစား ကြည့်နေမိတယ်။ လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ ဘ၀တွေမှာ ကိန်းဂဏန်းတွေနဲ့ မဖြစ်မနေ ပတ်သက်နေရတယ်။ ကိန်းဂဏန်းတွေနဲ့ မထိ တွေ့မိတဲ့ သူရယ်လို့ မရှိလောက်ဘူးလို့ ကျွန်မထင်တယ်။ တစ်ခြားမကြည့်နဲ့။ ကျွန်မတို့ မနက်အိပ်ရာထပြီ ဆိုကတည်းက ၆နာရီဆိုတဲ့ ဂဏန်းကို စကြည့်ရပြီ။ ပြီးရင် ထမင်းတည် ရတော့မယ်ဆိုလည်း ဆန်ဘယ်နှစ်ဘူး ချက်ရမယ်ဆိုပြီး ဒီဂဏန်းကိုဘဲ စပြီး စဉ်းစားနေရ နေရပြီ။ နောက်ဆုံးနေ၀င်လို့ ညအိပ်ရာ ပြန်ဝင်တာတောင် အနည်းဆုံး ဘုရားကို ဦးသုံးကြိမ်ချပြီး ဒီဂဏန်းနဲ့ဘဲ တစ်နေ့တာကို အဆုံးသတ်ရတော့တာ။
ကျွန်မငယ်ငယ်က သချာင်္တော်တဲ့ထဲမှာ ပါတယ်ပြောလို့ရတယ်။ သချာင်္ ဆိုရင် အမြဲ အမှတ်ပြည့်၁၀၀မရတောင် ၉၅မှတ်အောက် မရောက် ခဲ့ ဘူး။ ငယ်ငယ်တုန်းက ဒီကိန်းဂဏန်းတွေ အကြိမ်ကြိမ် ပေါင်း၊ နှုတ်၊ မြှောက်၊စားခဲ့တယ်။ ဓာတုဗေဒ ဘာသာရပ်ဆို အီကွေးရှင်းတွေ ညှိရ တာ ပျော်မှပျော်။ ဒါပေမယ့် အသက် တဖြေးဖြေး ကြီးလာလေ ဒီကိန်း ဂဏန်းတွေကို ကြောက်လာလေလေဘဲ။ ဘာကြောင့် ကြောက်လာလည်း ဆိုတာကိုယ့်ကိုယ် လည်း မသိဘူး။ ကြောက်တဲ့စိတ်နဲ့ ဒီကိန်း ဂဏန်းတွေကို ခေါင်းထဲ မထည့်ချင်တော့ဘူး။ ဒီတော့ ဆိုးကျိုးက ကျွန်မနဲ့ ပတ်သက်ဆက်နွယ် တဲ့ ကိန်းဂဏန်းတွေ အကုန်မေ့တော့တာဘဲ။
တယ်လီဖုန်း နံပါတ်တွေ မေ့တယ်။ မှတ်ပုံတင် နံပါတ်မေ့တယ်။ မယုံမရှိနဲ့ တစ်ခါတစ်ရံ ကိုယ့် မွေးနေ့ ကိုယ်မေ့တယ်။ ကိုယ့်ရုံးက လူကြီး ဖုန်းနံပါတ် မေ့တယ်။ ယုတ်ဆွအဆုံး ကိုယ့်ဖုန်း နံပါတ်တောင် မေးခံရရင် ၅နဲ့စသလား၊ ၉ နဲ့စသလား ဇဝေဇ၀ါနဲ့။ လက်ကိုင်ဖုန်းက နံမည် တွေနဲ့ ထည့်လို့ရ တော့ ကျွန်မအတွက် အကြိုက်ဘဲပေါ့။ နံမည်တွေကိုတော့ ကျွန်မ မမေ့ဘူးရှင့်။
နောက်..ဘယ်လောက် ဆိုးလာသလဲဆို စတိုးဆိုင် တော်တော်များများက အရောင်းဝန်ထမ်းတွေလိုဘဲ တော်ယုံ ကိန်းဂဏန်း တွေကိုတောင် မြှောက်၊ စား၊ ပေါင်း၊ နှုတ်ရင် ဂဏန်းပေါင်းစက် အကူအညီ မပါဘဲ ကျွန်မ ဘယ်လိုမှ မရတော့ဘူး။ နောက်.. လူတွေမှာလည်း ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ ကိုယ်ပိုင် ကိန်းဂဏန်းတွေ ရှိတယ်နော်။ ကျွန်မဆိုရင် ၅ ဂဏန်းပိုင်ရှင်။ ကျွန်မဘ၀ဟာ ၅ ဂဏန်းတွေနဲ့ အများဆုံး ပါဝင်ပတ် သက်ခဲ့တယ်။ ကျွန်မရဲ့ လပ်ကီး ဂဏန်းပေါ့။
ကျွန်မ တစ်ခါတစ်ခါ ပေါက်ပေါက်ရှာရှာ တွေးကြည့်မိတယ်။ ဂဏန်းတွေရဲ့ တန်ဘိုး သတ်မှတ်ချက်က တော်တော် ထူးဆန်းပါလားလို့။ တခြား မကြည့်နဲ့။ ကျောင်းတွေမှာ ဘာသာရပ်တိုင်း အမှတ်ပြည့် ၁၀၀ သတ်မှတ်ပြီး အမှတ်များများရလေ တော်လေ။ ဒါပေမယ့် အဆင့်ကြတော့ သူနဲ့ ပြောင်းပြန်။ အနည်းဆုံးဖြစ်တဲ့ တစ်ရမှ အတော်ဆုံးတဲ့နော်။ သုညကို ကြည့်ဦးမလား။ တစ်လုံးထဲဆို တန်ဘိုးကို လုံးလုံးမရှိ။ တခြား ဂဏန်းတွေနဲ့ တွဲဘက်လိုက်ရော တန်ဘိုးတွေက မြင့်တက် သွားလိုက်တာ။ နောက် သုညက ပညာပြသေးတယ်။ ဘယ်လောက် တန်ဘိုးကြီးပါတယ်ဆိုတဲ့ ဂဏန်း တွေကို သူနဲ့ ပေးမြှောက်လိုက်ပြီးရင်တော့ သူ့လိုဘဲ တန်ဘိုးမဲ့ ကိန်းဂဏန်းတွေ ဖြစ် သွားစေပြန်ရော။
လတစ်လရဲ့ အစနဲ့ အဆုံးတိုင်းမှာ ကိန်းဂဏန်းတွေနဲ့ ရင်ဆိုင်ရတာကိုလည်း ကျွန်မသိပ်မုန်းတယ်။ ကျွန်မရဲ့ တစ်လစာဝင်ငွေ ကိန်းဂဏန်း တွေက တစ်နှစ်ထက် တစ်နှစ် တိုးလာပေမယ့် ကျွန်မရဲ့ စုဆောင်းနိုင်မိတဲ့ ငွေကိန်းဂဏန်းပမာဏတွေကတော့ တစ်နှစ်ထက်တစ်နှစ်ကို စိတ်ပျက်စဖွယ် လျှော့ကြလာခဲ့ပါတယ်။ ကျွန်မရဲ့ ပိုက်ဆံအိတ်လေးက လဆန်းရော လကုန်ရော မပိန်မဖောင်း ပုံမှန်ဖြစ်နေရတာ ကြာလှပါပြီ။
ကျွန်မ အိပ်မက်တွေထဲမှာ ကိန်းဂဏန်းတွေ နောက်ကလိုက်လို့ ထွက်ပြေးရတယ်လို့လည်း မကြာခဏ မက်မိတယ်။ ဒီလိုနဲ့ ကျွန်မရဲ့ အသိစိတ်က ကိန်းဂဏန်းတွေကို ဂရုမထားမိအောင် နေနေသလို မသိစိတ်ကလည်း ကိန်းဂဏန်းတွေကို ကြောက်ရွံ့နေမိတယ်။ အချိန်နာရီတွေကလည်း ကိန်းဂဏန်းတွေနဲ့ဘဲ ပြဌာန်းထားပြီး နာရီ၊ မိနစ်၊ စက္ကန့် လက်တံတွေကလည်း သူ့တာဝန်သူ ကျေပွန်စွာနဲ့ ကိန်းဂဏန်းတွေကို သယ်ဆောင် နေတာဘဲ။ ကျွန်မက ဘာများ တတ်နိုင်ဦးမှာလည်း။
ကိန်းဂဏန်းတွေ အကြောင်းရေးနေလို့ စာဖတ်သူတွေက ကျွန်မ တရား မ၀င်ထီတွေ ထိုးနေသူလားလို့ မထင်လိုက်ပါနဲ့နော်။ ကျွန်မက တရားဝင် ထီတောင် ကိန်းဂဏန်းတွေ ကြောက်လို့ မထိုးနိုင်ခဲ့တာ ကြာနေပါပြီ။ စိတ်ထဲထွေထွေရှိတာနဲ့ လက်က ထွက်တာလေး ချရေးချလိုက်မိတာပါ ။ :)
မှတ်ချက် ။ 26 January 2010 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
2 comments:
ရွှေစင်ဦး လည်း သချာင်္သမား ဆိုတော့ ဂဏန်း တွေကိုချစ်တယ် ... ထူးဆန်းတဲ့ ဂဏန်း တွေအများကြီး ဘဲ မြှောက်ရင် ပေါင်းရင် စားရင် ရလာတဲ့ ရလဒ် တွေပေါ့..
ကဲပါ ဘာမှ အရေးမကြီး ပါဘူး ကြောက်မနေပါနဲ့ ညီမရေ ဝင်ချိန်တန်ဝင်မယ် ထွက်ချိန်တန် ထွက်မယ် သဘာဝလို့သာ သတ်မှတ်ထား လိုက်တော့
ခင်မင်တဲ့
ရွှေစင်
က်ေနာ္က သခ်ာၤကို ညံ့တာ
ဒါပေမယ့် လုပ်ငန်းခွင်ရောက်တော့ မချစ်မနှစ်သက်သူနဲ့ အတူနေရတယ် ပြောရမလား
သူနဲ့ပဲ နေ့စဉ် လည်ပတ်နေခဲ့ရတယ်၊ အဲဒီ ကိန်းဂဏန်းတွေ နောက်ကို လိုက်ရ ပြေးရတာလည်း
အသောမသတ်နိုင်သေးဘူး။ ဒါနဲ့..... ဒီနေ့ လကုန်ရက်နော် :)
Post a Comment