Friday, January 1, 2010

လွယ်ကူခြင်း နဲ့ ခက်ခဲခြင်းကို နှိုင်းယှဉ်ကြည့်ခြင်း


လွယ်ကူခြင်း နဲ့ ခက်ခဲခြင်းကို နှိုင်းယှဉ်ကြည့်ခြင်း

သူတပါးကိစ္စကိုစီရင်ချက်ချဘို့ကလွယ်ကူတယ်။
ကိုယ်ကိုယ်တိုင်ရဲ့အမှားကိုနားလည်ဖို့ကခဲယဉ်းနေပြန်ရော..။

မစဉ်းစားဘဲပြောထည့်လိုက်ဘို့ကလွယ်ကူတယ်။
မုသားမပြောမိအောင်ရှောင်ကျဉ်ဖို့ကြတော့ခက်နေပြန်ရော..။

ကိုယ်ချစ်တဲ့သူတွေကို နာကျင်စေဘို့ကလွယ်ကူတယ်။
သူတို့နဲ့ညှိနှိုင်းဆွေးနွေးကြည့်ဘို့ကြတော့ဝန်လေးနေပြန်ရော..။

ကိုယ့်ကိုခွင့်လွှတ်ပါနော်လို့လွယ်လွယ်ပြောကြတယ်။
သူတစ်ပါးကိုခွင့်လွှတ်ဖို့ကြတော့ ခဲယဉ်းနေပြန်ရော..။

စည်းမျဉ်းစည်းကမ်းတွေကိုချမှတ်ဖို့ကလွယ်တယ်။
အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ကခက်ပြန်ရော..။

အောင်မြင်မှုတွေကိုဖော်ပြဖို့ကြတော့လွယ်ကြတယ်။
ဂုဏ်သိကာတွေကျရှူံးခဲ့ရတာကို ပြန်ပြီးအဖတ်ဆည်ဖို့ ကြတော့ခဲယဉ်းကြတယ်..။

ချစ်တယ်ဆိုတာကိုလွယ်လွယ်နဲ့ပြောလို့ရကြတယ်။
ချစ်ခြင်းမေထ္ထာကိုနေ့တိုင်းဖော်ပြနိုင်ဘို့ကြတော့ ခက်နေကြပြန်ရော..။

သူတစ်ပါးကိုအပြစ်တင်ဖို့ကြတော့လွယ်ကူုကြတယ်။
မိမိကိုယ်တိုင်တိုးတက်အောင်လုပ်ယူဖို့ကြတော့ခက်ခဲနေကြတယ်..။

အမှားတွေကျူးလွန်ဖို့ကြတော့လွယ်ကူနေကြတယ်။
အဲ့ဒီအမှားတွေကနေသင်ခန်းစာယူဖို့ကြတော့ ခဲယဉ်းနေကြပြန်ရော..။

တိုးတက်အောင်လုပ်ရမယ်ဆိုပြီးတော့ လွယ်လွယ်နဲ့စဉ်းစားနေကြတာဘဲ။
အတွေးတွေရပ်ပြီးတကယ်လက်တွေ့အကောင်ထည်ဖော်ဘို့ကြတော့ခဲယဉ်းနေပြန်ရော။

ဘ၀ဟာရွေးချယ်စရာတွေများလှတယ်
ကောင်းတာနဲ့ဆိုးတာ..၊ မှန်တာနဲ့မှားတာ ဘဲရှိတယ်။
ကိုယ့်ရဲ့ကံကြမ္မာဟာ ကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းပါဘဲ။
ပြန်ပြောင်းလဲလို့မရပါဘူး..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Comparison of Easiness and Difficulties

-Easy to judge others' mistakes
-Difficult to recognize your own mistakes

-Easy to talk without thinking
-Difficult to refrain from lying

-Easy to hurt the ones who love us
-Difficult to negotiate them

-Easy to ask for forgiveness
-Difficult to forgive others

-Easy to set rules
-Difficult to follow the rules

-Easy to show the victory
-Difficult to assume the defeat with dignity

-Easy to say we love
-Difficult to show love everyday

-Easy to criticize others
-Difficult to improve oneself

-Easy to make mistakes
-Difficult to learn from mistakes

-Easy to think about improving
-Difficult to stop thinking and put it into action

Life is all about choices.
Good or Bad; Right or Wrong
Your destiny will unfold according to your choices

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အွန်လိုင်းမှ မိတ်ဆွေတစ်ဦးမှ Englishလို မျှဝေပေးခြင်းကို တတ်သလောက် မှတ်သလောက်
ကြိုးစားဘာသာပြန်ထားပါတယ်။ လိုအပ်တာရှိရင် ကျွန်မရဲ့ အားနည်းချက်ပါ..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

0 comments:

Post a Comment