Saturday, May 29, 2010

သံလျင်မြို့၊ စစ်ပင်ကွင်း နဲ့ ဘယက်ကျေးရွာ ရေအလှူ



Save The Aged အဖွဲ့ရဲ့ ၂၅.၅.၂၀၁၀ - တနလာင်္နေ့အတွက် ရေအလှူကို အဖွဲ့ရဲ့ဆိုက်မှာ တစ်ရက်ကြိုလို့ ကြေငြာအပြီးမှာတော့ ကျွန်တော်တို့ STA အဖွဲ့သားများ ( ကျား၈ + မ၂ = စုစုပေါင်း ၁၀ယောက်) ဟာ ၂၅.၅.၂၀၁၀ နေ့၊ မနက် (၁၀) နာရီမှာ တာမွေ မြို့နယ်က ဖူးဖူးမှုတ် လ္ဘက်ရည်ဆိုင်မှာ စရပ်သတ်မှတ်ကြပြီး မနက်၁၁နာရီ လောက်မှာ DYNA ကားတစ်စီး၊ CANTER ကားတစ် စီး ငှါးပြီး ရေသန့်ဗူးဆိုင်များကို အရင်ဆုံးသွား ရောက်ခဲ့ကြပါတယ်။

Spring ရေသန့်ဗူးဆိုင်းကို ရောက်တဲ့အခါ ရေသန့်ဗူး (၁၉၂) ဗူးသာ ရရှိခဲ့ပါတယ်။ ရသလောက်ယူမယ် ဆုံးဖြတ် ပြီး ရေသန့်ဗူး ဆိုင်မှာလည်း အလုပ်သမား (၂) ဦးသာရှိလို့ အချိန်ကြန့်ကြာနိုင်တာကြောင့် ကျွန်တော်တို့ STA အဖွဲ့မှ ၀င်ရောက် ကူညီထမ်း ပေးကြပါတယ်။





ထပ်မံ လိုအပ်တဲ့ ရေသန့်ဗူးများကို စက်ရုံကကားလာအောင် ဆက်စောင့်ရမယ်ဆိုလို့ အချိန်မလောက်ငှမှာ စိုးမိတာကြောင့် Hello ရေသန့်ဗူးဆိုင်ဘက်သွားပြီး လိုအပ်တဲ့ အရေအတွက် (၁၀၈) ဗူးကို အဖွဲ့သားအားလုံး ကိုယ်တိုင်ဝင်ထမ်း သယ်ယူကြပါတယ်။

Hello ရေသန့်ဗူး ဆိုင်ရှိတဲ့ လမ်းက ပြုပြင်နေတာမို့ STA အဖွဲ့သားများက လမ်းထိပ်အထိ ရေသန့်ဗူးများကို ထမ်းကာ ကားပေါ်ကို တင်ပေးကြပါတယ်။ ( ကြားဖြတ်လို့ မြသွေးနီပြောရရင် ဒီ.. Hello ရေသန့်ဗူးဆိုင် အနောက်က တိုက်မှာ မြသွေးနီနေပါတယ်။ ပုံတွေကြည့်ပြီးမှ အံ့သြတိုက်ဆိုင်မှုကိုသိရတာပါ။ :)


နေ့လည် (၁) နာရီဝန်းကျင်လောက်တွင် STA အဖွဲ့မှ လိုအပ်သော ရေသန့်ဗူး (၃၀၀) ကို ရပြီးဖြစ်တာမို့ ဒလမြို့နယ် ကျန်စစ်သား ကျေးရွာအကျော် အိမ်ခြေ (၃၀၀၀) ၀န်းကျင်ရှိ ဖျံကျကျေးရွာ၊ ကိုးနံပါတ်ကျေးရွာ အလွန်ရှိ ကွင်းထဲက ကျေးရွာများကို ရေသွား ရောက်လှူတမ်းဖို့ စီစဉ်ထားတာကြောင့် လမ်းမတော် ဆိပ်ခံ ဗောတံတားဆီသို့ ဇက်ရေယာဉ် ကူးရန်အတွက် ထွက်ရှိလာခဲ့ကြ ပါတယ်။





လမ်းမတော် ဆိပ်ခံဗောတံတားကို ရောက်ရှိတဲ့အချိန်မှာ ဇက်ရေယာဉ်ကို စောင့်ရဦးမှာမို့ ဗောတံတားနားက နီးစပ်ရာဆိုင်မှာ နေ့လည်စာ ထမင်းကို American Systemနဲ့ စားသောက်ခဲ့ကြပါတယ်။





နေ့လည် (၂) နာရီလောက်တွင် ဇက်ရေယာဉ်ရောက်လာပြီး ဒလဘက်ကမ်းရှိ Save The Aged အဖွဲ့ကို အကူအညီပေးတဲ့ ကိုချိုကြီးတို့ အဖွဲ့ကို ကျွန်တော်တို့ ရောက်ရှိမယ့် အချိန်ကို ဖုန်းဆက်အကြောင်းကြားတော့ ဒလမြို့ဘက်မှာ ရေများမလိုကြောင်း၊ မိုးအရမ်းရွာထားသဖြင့် ရေများပိုလျှံနေကြောင်း၊ ရေလာလှူသော ၁၀ဘီးကား တစ်စီးပင် ပြန်လွှတ်လိုက်ကြောင်း ပြောပြလို့ ကျွန်တော်တို့အဖွဲ့ဝင်များ တကယ်ရေလိုအပ်မည့် နေရာကို သွားရောက် လှူဖို့ အမြန်တိုင်ပင်ရာ သန်လျင်မြို့အကျော်တွင် သုံးရေ သာရှိပြီး သောက်ရေ အမှန် တကယ်ရှားပါနေဆဲဖြစ်တဲ့ လူဦးရေ (၁၇၀၀) ၀န်းကျင်၊ အိမ်ခြေ (၁၅၀) ခန့်ရှိတဲ့ စစ်ပင်ကွင်း ကျေးရွာ နှင့် လူဦးရေ (၁၅၀၀)၀န်းကျင်၊ အိမ်ခြေ (၁၄၀) ခန့်ရှိတဲ့ ဘယက်ကျေးရွာများကို အလှူခရီးစဉ် လမ်းချက်ချင်း ပြောင်းလဲခဲ့ရ ပါတယ် ။





သန်လျင်-သုံးခွ တာလမ်းမှ ၃ဖာလုံလောက်ဝင်ရတဲ့ တာလမ်းများဟာ မိုးအနည်းငယ်ရွာထားတာကြောင့် မြေနီလမ်းများအားလုံး ဟာ ဗွက်များ၊ နွံများ ဖြစ်နေကာ ကားများ ဘီးချော်နိုင်တာကြောင့် ကားဆရာများ ခက်ခက်ခဲခဲ ကြိုးကြိုးစားစား မောင်းဝင်ခဲ့ကြ ရပြီး ရေလှူခဲ့ရပါတယ်။





ရွာအ၀င်လမ်းတလျှောက်တွင်ရှိသော ကျေးရွာများကိုလဲ ရေများတစ်လျှောက်လုံး လှူတန်းသွားကြပါတယ်။ အရှေ့မှ သွားသော CANTER ကားမှာ ယောင်္ကျားလေးများ မပါသွားတာကြောင့် ကိုစောနှင့် ကိုစည်သူတို့မှာ ဆိုင်ကယ်ကယ်ရီများနဲ့ လိုက်သွားကြရ ပါတယ်။ သန်လျင်-သုံးခွ ကားလမ်းမှ ရွာလမ်းအတိုင်း ၄၅ မိနစ်ခန့် မောင်းပြီးတဲ့အခါ အဖွဲ့မှ ရေလှူမည့် စစ်ပင်ကွင်းကျေးရွာကို ရောက်ရှိခဲ့ကြပါတယ် ။





ကျွန်တော်တို့ DYNA ကားရောက်တဲ့အချိန်တွင် အရှေ့မှ သွားသော CANTER ကားမှ မသီတာ၊ မဇလပ်ဖြူ၊ ကိုစည်သူနှင့် ကိုစောတို့ ရေလှူနေနှင့်ကြပြီ ဖြစ်တာကို တွေ့ရပါတယ်။ အဲ့ဒီ ရွာနံဘေး ကပ်လျှက် မှာရှိတဲ့ ဘယက်ရွာကိုသွားတဲ့ တံတားက ကားသွားလို့မရနိုင်အောင် ပျက်ဆီးနေတာမို့ ရွာသူ ရွာသားများကိုယ်တိုင် ထမ်းပိုးများ ဖြင့် ထမ်းသယ်ခြင်း၊ ဆိုက်ကယ်များဖြင့် ရေသန့်ဗူးများကို လာသယ်ကြ ရပါတယ်။





ကျွန်တော်တို့အဖွဲ့မှ ကိုစောနှင့် ကိုနောင်ရိုးတို့ နှစ်ဦးလည်း ဆိုင်ကယ်ကယ်ရီနဲ့ ရေသန့်ဗူးများကို ဘယက်ကျေးရွာကို လိုက်သွား ကာ လှုခဲ့ကြရပါတယ်။ STA အဖွဲ့ စစ်ပင်ကွင်း ကျွေးရွာမှာ ခေထ္ထ မိုးခို နားကြပြီး ရွာက မုန့်တီဆိုင်မှာ ဆာဆာနဲ့ မုန်တီသုပ်စား ကြပါတယ်။ မုန့်တီသုပ် အလှူဒါနကျွေးတဲ့ ရွာမှ အဒေါ့်ကိုလည်း ကျေးဇူးစကားပြောပါရစေခင်ဗျာ။





ဒီနေ့သွားရောက် လှူဒါန်းခဲ့တဲ့ ရွာ (၂) ရွာဟာ ရေပြတ်လပ်တာ (၁)လလောက်ရှိပြီး အစပိုင်းမှာ တုံကင်ရေ ရရှိပြီး နောက်ပိုင်း မှာတော့ ရေများနောက်လာကာ သုံးရေပင် မရတော့ကြောင်း၊ ရေစပြတ် အချိန်ကတည်းက ရေအလှူကားများ နေ့စဉ်ရောက် ရှိလာကြောင်း၊ ရေလှူကားများနေ့စဉ်လာကြပေမယ့် ရေများ မလောက်ငှ ကြောင်းကို ရွာသားတစ်ဦးမှ ပြောပြပါတယ် ။





ရေအားလုံး ကုန်စင်အောင် လှူပြီးချိန်မှာတော့ ကျွန်တော်တို့ Save The Aged အဖွဲ့ ညနေ ၆နာရီ ခွဲခန့်မှာ ရန်ုကုန်ကို ပြန်လာ ခဲ့ကြပါတယ်။ အပြန်လမ်းမှာတော့ ညနေ(၅)နာရီက စတင်ရွာထားတဲ့ မိုးကြောင့် လမ်းမှာ အတော်လေးကို ချော်နေပြီး ကားများ မှာလည်း အလေးချိန်မပါတော့တာကြောင့် ကားဆရာများဟာ အလာခရီး ကထက် ကားကို ပိုဂရုစိုက် ခက်ခဲစွာ မောင်းပေး ခဲ့ကြရပါတယ်။





STA အဖွဲ့သားများကတော့ ထုံးစံအတိုင်း ကား နောက်ခိုင်းမှာ မိုးရေစိုရွှဲ ခိုက်ခိုက်တုန်လို့ပေါ့။





ဒီလိုနဲ့ ရန်ကုန်ကို ကားဘီးခြေချ တော့ ည (၇)နာရီခွဲ ၀န်းကျင် ရှိနေပြီ။ အဖွဲ့သား အားလုံး ရေလှူဒါန်းမှု ခရီးတစ်ခု ထမြောက် အောင်မြင်သွားတာမို့ ၀မ်းသာပီတိ ဖြစ်နေကြ ပေမယ့် မိုးမိထားတဲ့အရှိန်၊ ရေဗူးများထမ်းထားခဲ့ရတဲ့ အရှိန်တွေနဲ့ နွမ်းလျှလို့ နေပါပြီ။





ကျွန်တော်တို့အဖွဲ့မှာ အတူပါလာတဲ့ မသီတာနဲ့ ဇလပ်ဖြူတို့ ၂ဦးဟာ မိန်းကလေးများပေမယ့် ယောကျာ်း လေးများနဲ့ တန်းတူ ၀င်ရောက် စီမံခန့်ခွဲ မခိုမကပ် လုပ်ကိုင်ပေးခဲ့ကြလို့ ခရီးစဉ်တစ်လျှောက် ထိရောက်တဲ့ အဆင်ပြေမှုတွေ ရခဲ့တာမို့ သူတို့၂ယောက် ကို ကျေးဇူးမှတ်တမ်းတင်ချင်ပါတယ် ခင်ဗျာ ။



( ခရီးမှာပါသွာတဲ့ ပြည့်စောဦးရဲ့ အချက်လက်များနဲ့ ပုံများကို ဆီလျှော်အောင် ပြန်လည် တင်ပြပေးလိုက်ပါတယ်ရှင်။)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်တွင်း+ပြည်ပ
အလှူရှင်များ မိမိတို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် သံလျင်မြို့ ၊ စစ်ပင်ကွင်းကျေးရွာနဲ့

ဘယက်ကျေးရွာတို့မှာ ရေလှူဒါန်းမှု အတွက် လှူဒါန်းမှု အစုစုတို့ကို ဖော်ပြလိုက် ရပါတယ်ရှင်..။




သောက်ရေသန့်အလှူ :


Spring သောက်ရေသန့် ဗူးကြီး - ၁၉၂ဗူး
Hello သောက်ရေသန့် ဗူးကြီး - ၁၀၈ဗူး


စုစုပေါင်း သောက်ရေသန့်ဗူးကြီး - ၃၀၀ ဗူး


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….



* သွားရောက်လှူဒါန်းခဲ့ကြသော Save The Aged အဖွဲ့ဝင်များ ။


* ပြည်တွင်း + ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged ရဲ့ တာဝန်ခံများနဲ့ အလှူရှင်များ ။


* ပြည်တွင်း + ပြည်ပနိုင်ငံ အသီးသီးမှ အလှူရှင်များ ။


* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ ။


* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ Save The Aged မှ မောင်၊ ညီမများ ။


....အားလုံးကို Save The Aged အဖွဲ့သားအားလုံးရဲ့ ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ ။


ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ထား ဖြည့်စွက်နားလည် ပေးပါနော် ။ :)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
www.savetheaged.com မှာလည်း ၀င်ရောက်ဖတ်ရှူနိုင်ပါတယ်ရှင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။


မြသွေးနီိီ






1 comments:

ုkyimoeaung said...

သာဓု သာဓု သာဓု ပါဗျာ

Post a Comment