Save The Aged အဖွဲ့ဟာ ၂၃.၅.၂၀၁၀ - တနင်္ဂနွေနေ့မှာ သုံးခွမြို့မှာ သောက်ရေသွားရောက်လှူဒါန်း ခဲ့သလို ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ဆားကျင်းရွာမှာလည်း သွားရောက် ရေသွားလှူဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့ ပထမက ဆရာတော်ကြီး ဖုန်းထဲမှာ မိန့်မှာတော့ လက်ခုပ်ကုန်းရွာလို့ ထင်ထားခဲ့တာ တကယ်တမ်းက လက်ခုပ်ကုန်း မဟုတ်ပါဘူး။ ဒေးဒရဲမှာပါ။
ဒီခရီးက ရေလမ်းခရီးဖြစ်တာတစ်ကြောင်း အခန့်မသင့်ရင် ညပါ အိပ်ရနိုင်တာက တစ်ကြောင်း၊ ခွင့်ပြုရမရ မသေချာလို့ လူတွေအများကြီး မခေါ် ဖြစ်ပါဘူး။ ဒီခရီးမှာ ကိုဗေဒါဇော် ၊ စည်သူ ၊ စိမ်းလန်း ၊ ဇော်ဝင်းထွန်း၊ ကိုထွန်းထွန်း၊ ညီသွေးစက်မင်း၊ လွင်မောင် တို့ပါဝင်ခဲ့ပါတယ်။
ကျွန်တော်တို့ အဖွဲ့သားအားလုံး မနက်ပိုင်း ၆နာရီ ပန်းဆိုးတန်းသင်္ဘောဆိပ်မှာဆုံပြီး မနက် ၇:၄၅နာရီမှာ ဒလဘက် သို့ ဇက်နဲ့ ကူးခဲ့ပါတယ် ။ ဒလမှ ကွမ်းခြံကုန်း စံပြရပ်ကွက် ၀ီဇယ မင်္ဂလာစာသင်တိုက်ကို မနက် ၉:၃၀နာရီ ရောက်ပါတယ်။ ရောက်ရောက် ခြင်း အရှင်သိရီန္ဒ အမောပြေကျွေးတဲ့ အုန်းသီးများကို စားအပြီးမှာ တော့ ရေဝေဖို့ အစီအစဉ်ကိုစပြီး ဆွဲပါ တယ်။
ရေများတင်ရန် ဖားကူးလို့ခေါ်တဲ့ ပေါင်းမိုးပါ စက်တပ်သဗ္ဗာန်များ မနက်၁၀ နာရီလောက်မှာ ရောက်လာပါတယ်။ စီစဉ်ထားတဲ့ ဆရာတော်ကြီးနဲ့ တိုင်ပင်ကာ ကြိုတင်စီစဉ်ထားတဲ့ ရေဘောက်ဆာ ( ဂါလံ ၈00 ဆံ့) နှစ်စီးနဲ့ ရေများဟာ တော်ပလွဲတံတား
ကွမ်းခြံကုန်းချောင်းကို မနက် ၁၀:၁၅ နာရီ အချိန်မှာ စတင်ရောက် လာပါတယ်။ တံတားနားမှာရှိတဲ့ ဆိုက္ကားသမားများကလည်း ရေအလှူရှင်တွေမှန်းသိတော့ အားလုံး ၀ိုင်းဝန်း ကူညီပေးပါတယ်။
ဒေးဒရဲကို ရေလမ်းခရီးကနေ ဖားကူးနဲ့ သွားရမှာမို့ ရေများကို ကြိုတင်စီစဉ်ယူသွားတဲ့ ရေအိတ်များနဲ့ ထည့်ပါတယ်။
ရေအိတ်တစ်အိတ်ကို ၈ ဂါလံ ဆံ့ပါတယ် ။ ရေအိတ်တွေထဲ ရေတွေထည့် လိုက်တာ နေ့လည် ၁၂:၃၀နာရီမှာ အားလုံး ထည့်လို့ပြီးပါတယ် ။
ဒီတစ်ခါ ရေအလှူက ရေလမ်းခရီးနဲ့ သွားရတဲ့ ရေချိုပြတ်လပ်နေတဲ့ ကျေးရွာများဖြစ်လို့ အရင်က အလှူများလို ကားနဲ့ ရွာအရောက်သွားလို့မရပါဘူး။ ရေချိုများကိုလည်း ပလပ်စတစ် အိတ်များထဲ ခဲရာခဲဆစ်ထည့်လို့ သယ်ယူရပါတယ်။
ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အများကြီးမို့ စာမဖွဲ့လိုတော့ပါဘူး။ Save The Aged အနေနဲ့ အမှန်တကယ် ရေလိုအပ် မယ့်နေရာတွေကို သူသွားရောက် လှူလိုတဲ့အတွက် မည်မျှပင် အခက်အခဲရှိပါစေမူ ရောက်အောင် သွားလှူကြမှာပါ။
ကျွန်တော်တို့ အဖွဲ့သားတွေ စတင် ထွက်ခွာလာချိန်မှာတော့ နေမွန်းတည့် ၁၂:၄၅ နာရီလောက် ရှိနေပါပြီ
ကျွန်တော်တို့ ဖားကူးပေါ်မှာ ၈ဂါလံဝင် ရေအိတ်ပေါင်း ၂၃၀အိတ် တင်ကာ သယ်ဆောင်လာခဲ့ပါတယ်။ ရေအိတ်တွေကို ဒေသအခေါ် ဖားကူးရဲ့ဝမ်းဗိုက်ထဲမှာ ရွှေထုတ်တွေလို ယုယုယယ စီရရီထည့်ပြီး ကျွန်တော်တို့ကတော့ လှေရဲ့ ပေါင်းမိုးပေါ်မှာ သံဗုဒ္ဓေ အထပ်ထပ်ရွတ်ဆိုကာ ထိုင်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ စတင် ထွက်ခွာ လာလိုက်တာ ဧရာဝတီမြစ်ထဲကို အဖွဲ့သားတွေ စီးနင်းလာတဲ့ ဖားကူးတွေ စတင် ၀င်ရောက် ချိန်မှာတော့ လှိုင်းလုံးတွေက အရမ်းကြမ်းနေတော့ အမှန်အတိုင်း ပြောရရင် အားလုံး ကြောက်နေကြပါတယ်။ အသက်ကယ် အိကျီ င်္တွေ
ဝတ်ဆင်ထားကြပေမယ့် ကြောက်တာက တော့ ကြောက်တာပါဘဲဗျာ။ ဒီလိုနဲ့ကြောက်ကြောက်နဲ့ပဲ ဘုရားစာ တွေကြိတ်ရွတ် ဆိုလာလိုက်တာ စံပြ၊ ရွာသစ်၊ ပေကုန်း၊ သုံးခွ (ကျောင်းစု၊ ရွာမ၊ ၀ဲကြီး) တို့ကို ကျော်ဖြတ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ အဖွဲ့သားများဟာ အလယ်ကျွန်းကို ကျော်လာပြီး ငါးခေါင်းချောင်းရွာကို ရောက်လာခဲ့ပါတယ်။ အချိန်ကိုကြည့်လိုက်တော့ နေ့လည်
၂:၁၀နာရီတိတိ ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ အဖွဲ့သားများ ဆားကျင်းရွာကို ရေအထုတ်များ စတင်ဝေပေးပါတယ် ။
သက်ကြီးရွယ်အို အဖွားများ ကိုယ်တိုင်လာယူတဲ့ အခါမှာတော့ အဖွဲ့သားတွေဟာ အိမ်တိုင်ရာရောက် ရေအိတ်များ ကို လိုက်ပို့ပေးခဲ့ပါတယ်။ အဖွားတစ်ယောက် အိမ်ဘေးက အိမ်တစ်အိမ်မှာ ငါးမန်းပေါက် ၂ကောင်ဖမ်းမိထားတယ်ဆိုလို့ မြို့သား
ကျွန်တော်တို့လည်း ခဏသွားကြည့် စပ်စုခဲ့ကြပါ သေးတယ်။
ဒီလိုနဲ့ကျွန်တော်တို့ ရေလှူပြီး ပြန်ထွက်ခွာခဲ့တော့ အချိန်က နေ့လည် ၃:၃၀နာရီ ဖြစ်နေပါပြီ။
ရေလှူဝေနေစဉ်က ဇောတွေကပ်ပြီး လုပ်နေခဲ့လို့ ကိုယ့်အစာအိမ်လည်း ကိုယ်မေ့နေခဲ့ကြတာပါ။ ဒါပေမယ့် အခု အပြန်လမ်းမှာ တော့ မနက်ဆာရော၊ နေ့လည်ဆာပါ လွတ်နေတာ ဆိုတော့ အားလုံးရဲ့ ၀မ်းဗိုက်တွေက ဆာလောင် မွတ်သိပ်နေကြတာကို သတိပြုမိလာကြပါတယ်။ ကျွန်တော်တို့ Save The Aged အဖွဲ့သားတွေကို စက်လှေ မောင်းတဲ့ ဦးလေးကြီး များက သူတို့တွေ ရဲ့ အိမ်မှာ သဒ္ဒါတွေယိုဖိတ်လို့ ထမင်းကျွေးပါတယ်။ အားလုံးလည်း ဆာဆာနဲ့ ထမင်းကို နပ်ပေါင်းပြီး ခေါင်းမဖော် တမင်းစား ခဲ့ရတာမို့ အရသာတွေရှိနေလိုက်တာ အထူးပြောဖို့ မလိုတော့ပါဘူးဗျာ။ ထမင်းကျွေးခဲ့တဲ့ ဦးလေးကြီးနဲ့တစ်ကွ အိမ်သူအိမ်သား များကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။
ထမင်းစားအပြီးမှာတော့ ကျွန်တော်တို့ ကွမ်းခြံကုန်းကို ပြန်လည်ထွက်ခွာခဲ့တာ ထူးထူးခြားခြားသာနေတဲ့ လရောင်အောက် ည ၇:၁၅နာရီမှာ ကွမ်းခြံကုန်းဘုန်းတော်ကြီးကျောင်းကို ပြန်လည်ရောက်ခဲ့ကြပါတယ်။ အဖွဲ့သားတွေ ရန်ကုန်ပြန်ဖို့ ကားမရှိတော့ ပေမယ့် ကံအားလျှော်စွာ ဘုန်းတော်ကြီးကျောင်းကို ရေလာလှူတဲ့ တခြား အဖွဲ့သားတွေရဲ့ကားနဲ့ အိမ်အပြန် ခရီးကို ည ၉:၀၀ နာရီတိတိမှာ စတင် ထွက်ခွာခဲ့ကြပါတယ် ။ ကျွန်တော်တို့ ရန်ကုန်ရောက်တော့ ည ၁၂နာရီကျော်လို့ နောက်တစ်နေ့ပင် ကူးနေလေပြီ။ သုံးခွမှာ ရေသွားလှူတဲ့ ကိုသူရကြီး ဖုန်းလှမ်းချိတ်လို့ သူတို့လည်း ရန်ကုန်ထဲ ပြန်ဝင်နေကြပြီလို့ သိလိုက်ရပါတယ်။ STA အဖွဲ့ရေအလှူပြန်ချိန်က ပဲပြုတ်သည်နဲ့ သိပ်မကွာတော့ဘူးလို့ ကျွန်တော်တို့ အချင်းချင်း စ..နောက်ဖြစ်ကြပါတယ်။
ကျွန်တော် အိမ်ပြန်ရောက်တော့ အိပ်လို့ မပျော်သေးပါဘူး။ ညအိပ်မပျော်ခင် စိတ်ကူးထဲမှာ ဒီနေ့အလှူအတွက် မမြသွေးနီဆီကို ပို့စ်ရေးနိုင်ဖို့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ ပေး ဖို့ စာတွေစီနေမိပါတော့တယ်။
( ခရီးစဉ်မှာပါသွားတဲ့ စည်သူ@နိုင်စစ်သွေးပေးပို့တဲ့ အချက်လက်များနဲ့ ပုံများကို ဆီလျှော်အောင် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်ရှင်။ ရေလှူနေတဲ့ ပုံများကတော့ ကွန်နက်ရှင် မကောင်းလို့ ဒေါင်းလုပ်ဆက် မလုပ်နိုင်တော့တာမို့ လောလောဆည် ရတဲ့ ပုံလေးများနဲ့ တင်ပေး လိုက်ပါတယ်ရှင်။ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်တွင်း+ပြည်ပ အလှူရှင်များ မိမိတို့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုအ၀၀ ကို သာဓုခေါ်နိုင်ရန် ဒေးဒရဲမြို့ ရေအလှူအတွက် လှူဒါန်းမှု အစုစုတို့ကို ဖော်ပြလိုက်ရပါတယ်ရှင်..။
သောက်ရေသန့်အလှူ :်
ရေထုတ် ၂၃၀ ထုတ် ( ရေ ၁ထုတ် = ၈ဂါလံ)
စုစုပေါင်း ရေဂါလံ ၁၈၄၀ ဂါလံနီးပါး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးစကားပြောတာ မင်္ဂလာတစ်ပါးမို့ ….
* ကွမ်းခြံကုန်း စံပြရပ်ကွက် ၀ီဇယ မင်္ဂလာစာသင်တိုက်မှာ ဆရာတော်ကြီး။
* ကွမ်းခြံကုန်းမှ အစ်ကိုတော် ဆိုက္ကားဆရာများ။
* အဖွဲ့ကို ထမင်းကျွေးတဲ့ စက်လှေမောင်းသော ဦးလေးကြီးများ။
* သွားရောက်လှူဒါန်းခဲ့ကြသော Save The Aged အဖွဲ့ဝင်များ။
* ပြည်တွင်း + ပြည်ပမှ စေတနာ သုံးတန်ပြဋ္ဌာန်းလှူဒါန်းနေသော Save The Aged ရဲ့ တာဝန်ခံများနဲ့ အလှူရှင်များ။
* ပြည်တွင်း + ပြည်ပနိုင်ငံ အသီးသီးမှ အလှူရှင်များ။
* မြသွေးနီ မသိလိုက်သဖြင့် ဖော်ပြရန် ကျန်ရှိခဲ့သေးသော အလှူရှင်များ ။
* မြသွေးနီ.. ဒီပို့စ်လေးရေးဖြစ်နိုင်အောင် ပံ့ပိုးဝိုင်းဝန်းကြတဲ့ Save The Aged မှ မောင်၊ ညီမများ။
အားလုံးကို ရင်ထဲကနေ ကျေးဇူးစကားဆိုခွင့်ပြုပါ။
ရေးဖို့ ကြွင်းကျန်ခဲ့တာများရှိရင်၊ အချက်အလက်များ မှားယွင်းခဲ့ရင် မြသွေးနီရဲ့ အားနည်းချက်မို့ မေတ္တာရှေ့ထား ဖြည့်စွက် နားလည် ပေးပါနော် ။ :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
www.savetheaged.com မှာလည်း ၀င်ရောက်ဖတ်ရှူနိုင်ပါတယ်ရှင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment