မနေ့ကညနေ Save The Aged အဖွဲ့သားတစ်ဦးဖြစ်တဲ့ စည်သူ@နိုင်စစ်သွေးဆီကနေ ဓာတ်ပုံ DVD ခုတ်ထားတာတွေ ကျွန်မ သွားယူခဲ့ပါတယ်။ ဒေးဒရဲမြို့ ရေအလှူပို့စ်ကို အိမ်နဲ့ အနီးဆုံး အင်တာနက်ကဖီး တစ်ခုက နေသွားတင်ခဲ့တာပါ။ ကျွန်မတို့ရုံးမှာ ကွန်နက်ရှင်က တစ်နေ့လုံး ဒေါင်းနေခဲ့တာပါ။ သူတို့ ဆိုင်က ကွန်နက်ရှင်က မကောင်းတော့ ပုံတွေကို စိတ်ထဲရှိ သလောက် တင်လို့ မရခဲ့ပါဘူး။ ကျန်တဲ့ ဓာတ်ပုံတွေကို အိမ်ရောက်မှ အစအဆုံး ကြည့်ဖြစ်တော့ ကျွန်မစိတ်ထဲ အွန်လိုင်းကို ချက်ချင်း ပြေးထိုင်လို့ ပုံတွေအမြန်ဆုံး တင်ပေးချင်စိတ်တွေ တဖွားဖွားပေါ် လာခဲ့ပါတယ်။ ဒါနဲ့ ဒီနေ့ ရုံးရောက်တာနဲ့ အလုပ်က တဖက်နဲ့ ပုံတွေဆိုဒ်ချုံ့လို့ ထပ်မံတင်ပေးလိုက်ရပါတယ်ရှင် ။ အလှူရှင်များနဲ့တကွ Save The Aged ရဲ့ ပြည်တွင်း+ပြည်ပအဖွဲ့ဝင်များ အားလုံးလည်း ၀မ်းသာပီတိစိတ်နဲ့တကွ ကျေနပ်နှစ်သိမ့် မှုကိုရလို့ သာဓုတွေ အကြိမ်ကြိမ် ခေါ်ဆိုမိလိမ့်မယ်လို့ ထင်မိပါတယ် ရှင်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကွန်းခြံကုန်း ဘုန်းဘုန်းကျောင်းက အုန်းရည်ချို…
ရေထုတ်တွေ ရေမဖြည့်ခင် အဖွဲ့အမှတ်တရ….
ဒီတံတားပေါ်ကနေ ဖားကူးထဲက ရေအိတ်တွေထဲ ရေဖြည့်တာ..
g
ဒီ..ပိုက်လိုင်းတစ်လျှောက်က စီးလာတဲ့ ရေတွေကို….
လူတွေက ဖားကူးထဲကနေပြီး ရေအိတ်တွေထဲကို ရေ ဖြည့်ရတာ …
စုပေါင်းစွမ်းအားနဲ့ဆိုတော့ ပင်ပမ်းခက်ခဲပေမယ့် ပြီးမြောက်ရတာပါဘဲ….
ရေလုံအောင် သေချာထုတ်မှ…
ရေတွေအားလုံး သေချာထုတ်ပြီးတာနဲ့ ဒေးဒရဲ ခရီးစကြတယ်…
ဒေးဒရဲရောက်တော့ လှေကို ကမ်းကို ဆွဲတင်ကြတယ်..
ကဲ.. Save The Aged ရေဝေလှူဖို့အတွက် အဆင်သင့်ဖြစ်ပြီ…...
ကမ်းပေါ်မှာ ရွာသူ၊ ရွာသား၊ကလေး၊ လူကြီး ရုတ်ချည်း ပျားပန်းခတ်သွားတယ်..။
အစ်မရေ.. တစ်အိတ်ကို ၈ဂါလံဆိုတော့ လေးတယ်ဗျ…
ရွာထဲက အခြားအိမ်တွေကိုလည်း ရေအလှူလာကြောင်း သတင်းပါးပေးကြပါဦးဗျာ…
သြော်.. ရေနီးကမ်းနားမှာ ရေရှားနေကြရတာ…….
ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ကြတာပေါ့……
အဖွားရေ… သားတို့ အိမ်အရောက် လိုက်ပို့ပေးမယ်…
ဒေါ်ကြီးက ကလေးတဖက်နဲ့ဆိုတော့ Save The Aged လည်း ဘယ်နေနိုင်ပါတော့မလဲနော်..
ကလေးဆိုပေမယ့် အထင်မသေးနဲ့.. ဥာဏ်ရှိတယ်နော်…
ညီလေးရေ… သတိထား..ချော်လဲမယ်ကွ…
ပေးလှူသူကပေးလှူ…. လက်ခံသူက လက်ခံယူ….
ရန်ကုန်သားတွေ ငမန်းကို တကယ်မြင်ဘူးပြီဗျ…
Save The Aged ရေအလှူ အောင်မြင်စွာ ပြီးဆုံးပြန်ပြီ…..မောတော့မောတာပေါ့.. ဒါပေမယ့် မမောဘူး…။
စက်လှေသမားတွေရဲ့ဒါန နဲ့ စားကြမယ်ဟေ့ ကောင်းကောင်း..
မပြန်ခင် အော်ပရေးရှင်း ယူနီဖောင်းနဲ့ အမှတ်တရ…
အချိန်တန် အိမ်ပြန်ရပြီ…
သဘာဝရဲ့အလှတရားက Save The Aged ရဲ့ ရှေ့ဆက်ရမယ့် ခရီးတွေကို အားသစ်လောင်းနေလေပြီ..။
အဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ www.savetheaged.com မှာလည်း ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်ရှင်..။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကြနိုင်ပါစေရှင်..။
မြသွေးနီ
0 comments:
Post a Comment