
ဒီရက်ပိုင်းအတွင်း ထူးခြားတဲ့ တိုင်ဆိုင်မှုတွေနဲ့ဘဲ မြသွေးနီတစ်ယောက် ကြုံလို့နေတော့တယ်။ အဲ့ဒီ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေကို စဉ်းစားရင်းနဲ့ ဘဲ အခုဒီပို့စ်လေးကို ရေးမိတာပါ။
သံလိုက်ဆိုတာမျိုးက သိပြီးသားပါနော်။ သူ့ရဲ့ဂုဏ်သထ္ထိကိုက သံမှိုသံစ၊ သံနဲ့ပြုလုပ်ထားတဲ့ အရာမှန်သမျှကို ဆွဲငင်ယူတတ်တဲ့ ထူးခြားတဲ့ ဂုဏ်ရည် ရှိနေတဲ့ အရာမျိုးပါ။ ကျွန်မတို့မှာလည်း သံလိုက်လိုဘဲ ထူးခြားတဲ့ ဆွဲငင်နိုင်တဲ့ အစွမ်းတွေ ရှိနေကြတယ်ဆိုရင် အံ့သြနေကြမလား။ ကျွန်မတို့ရဲ့ စိတ်တွေမှာ ညှို့ငင်နိုင်တဲ့ အစွမ်းတွေ ကိုယ်စီရှိနေကြတယ်။ ဒါတွေကို လူတွေက သတိ မပြုမိကြဘူး။
မတွေ့တာကြာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိနေတုန်း ဗြုန်းဆိုသူနဲ့ လမ်းမှာ ပက် ပင်းတိုး မိတာမျိုး။ စကားလုံး အသစ် အဆန်းတစ်ခု
အခုဘဲကြားလာတုန်း တစ်အောင့်လည်း နေရော ဒီစကားလုံးကို နောက်တစ်ယောက်က သုံးစွဲနေတာ ထပ်ကြားမိတာမျိုး။ သီချင်းတစ်ပုဒ်ကို စိတ်ထဲ က ညည်းနေတုန်း အနားကဖြတ်သွားတဲ့ အခြားတစ်ယောက်ကလည်း ဒီသီချင်းကိုဘဲ ညည်းသွားတာမျိုး၊ ကြုံဘူးကြမှာပါဘဲနော်။
ကျွန်မဆို အိမ်ကလူတွေက အကြားအမြင်ရနေတယ်ဆိုပြီး မကြာခဏ နာက်တာခံရတယ်။ ကျွန်မကလည်း ကျွန်မဘဲလေ..။ သီချင်း တစ်ပုဒ်အော် ညည်းပြီး TVမဖွင့်လိုက်နဲ့။ အဲ့ဒီသီချင်းက TVမှာလာနေလေရော။ ကြေးအိုးလေးသောက်ချင်လိုက်တာလို့ စိတ်ထဲက တလိုက်မိတာနဲ့တစ်ယောက် ယောက်က ကြေးအိုးဝယ်လာတာမျိုး။ ကျွန်မလူတစ်ယောက်ကို စိတ်ထဲ အရမ်း စိုးရိမ်စိတ်နဲ့ သတိရ နေမိရင် ဒီလူက ဖျားရင်ဖျား၊ မဖျားရင် အခက် အခဲတစ်ခုခုတော့ကြုံနေရပြီ။ ကျွန်မစိတ်ထဲက ထင့်ကနဲ မဖြစ်လိုက်နဲ့။ အဲ့ဒီ ကိစ္စက တကယ်ကိုဖြစ်လာရောရှင့်။ အဲ.. ဒါတွေက စိတ်ထဲမှာ တမင် ဖန်တီးယူလို့တော့ မရဘူးနော်။ သူ့အလိုလို auto sense ဖြစ်လာတာမျိုးမှနော်။
ဒါမျိုးတွေ ကျွန်မတို့ ဘယ်နှစ်ကြိမ်ကြုံဖူးကြသလည်းလို့ စဉ်းစားကြည့်ရအောင်။ တစ်ယောက်ယောက်အကြောင်း စဉ်းစားနေမိပြီး သိပ်မကြာခင်မှာ ဘဲ အဲ့ဒီသူဆီက ဖုန်းဝင်လာတာမျိုး ကျွန်မတို့ မကြာခဏကြုံဖူး ကြမှာပါ။ နောက်.. အလုပ်ထဲမှာ မတိုင်ပင်ဘဲ အင်္ကျီ င်္အရောင်ဆင် တူဝတ်လာတာမျိုး လည်းကြုံဖူးကြပါတယ်။ နောက်ပြီး စကားတစ်ခွန်းကို နှစ်ယောက်တစ်ပြိုင်နက် တည်း ပြောမိတာ မျိုးလည်းကျွန်မတို့ ကြုံခဲ့ဘူးကြပါတယ်နော်။
ဒါဟာ တိုက်ဆိုင်မှုလား။ မဟုတ် သေးပါ ဘူးနော်။ ကျွန်မတို့က မသိလိုက်ဘဲ ကျွန်မတို့ စိတ်တွေက အပြန်အလှန် ဆွဲငင်မိလျှက်သား ဖြစ်နေကြတာ ပါ။ ကျွန်မတို့ရဲ့ စိတ်ထဲ မှာ သံလိုက်ဓာတ်တွေ စီးမျောပျော်ဝင်နေလို့ပဲ မဟုတ်ပါလားရှင်။
ဒီစိတ်သံလိုက်တွေကဘဲ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဆွဲဆောင်နေကြပြန်သေးတယ်။ ပျော်ရွှင်တဲ့ စိတ်ရှိတဲ့ သူတွေက တခြားသူတွေ ကို ပျော်ရွှင်အောင် ဆွဲဆောင်နိုင်တယ်။ အကောင်းမြင်တတ်သူတွေက အခွင့်အရေးတွေကို ဆွဲဆောင်တယ်။ လူလိမ်လူကောက်တွေက သူတို့ အချင်း ချင်း မကောင်းမှုကို ဆွဲဆောင်ကြတယ်။ အပြင်ထွက်ကာနီး ထီးမရှိလို့ မိုးရွာမှာ စိုးရိမ်မိရင် စိုးရိမ်တဲ့ အတိုင်း မိုးရွာတာနဲ့ကြုံရပြန်ရော။ နေမကောင်း ဖြစ်မှာ စိုးရိမ်မိရင် တကယ်ကို ဖျားတာမျိုးနဲ့ ကြုံရပြန်ရော။ ကျွန်မတို့ ဘေးပတ်လည် မှာ မိတ်ဆွေတွေ ၀ိုင်းနေတယ်လို့ စိတ်ထဲ မှန်းဆကြည့်၊ မိတ် ကောင်းဆွေကောင်းတွေ တကယ့်ကိုရလာနိုင်မယ်ထင်တာဘဲ။
အတွေးဆိုတာမျိုးက မမြင်ရတဲ့ အရာဆိုပေမယ့် လျှပ်စစ်ဓာတ်အားလိုသာမက သံလိုက်ဓာတ်လိုပါ ဆွဲငင်ပြန်တယ်။ ကျွန်မတို့က သတိမပြုမိကြ လို့ သာပါ။ ရေဒီယို အသံလှိုင်းနဲ့ တီဗွီလှိုင်းတွေဟာ အကာအရံတွေကို ဖောက်ထွင်းပြီး ဟိုး…မိုင်ပေါင်းဝေးကွာတဲ့ နေရာအထိရောက်နိုင်တာ အထူး အဆန်းမှ မဟုတ်ဘဲနော်။ ကျွန်မတို့ရဲ့ အတွေးတွေကရော တစ်ယောက်နဲ့ တစ်ယောက် အဝေး ဆုံးနေရာ တွေဆီကနေ ဆုံမှတ်တစ်ခုခုမှာ သွားပြီး တွယ်ငြိသွားနိုင်တာဘဲ ။
ကျွန်မ ဒီထူးခြားချက်ကို သတိပြုမိလိုက်တယ်။ ကျွန်မတို့ရဲ့ စဉ်းစားနေမှု အ၀၀ကဘဲ ကျွန်မတို့ အချင်းချင်း ဆွဲဆောင်မှု ဖြစ်နေ တော့တာ မဟုတ် ပါလားရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment