အလှူတစ်ခုကပြန်ရောက်လာတိုင်း ပို့စ်ရေးပြီးရင် ဘယ်ပုံတွေများ အသုံးပြုရင်ကောင်းမလည်းဆိုပြီး အမြဲတမ်း မြသွေးနီနဲ့ ဓာတ်ပုံများ လုံးချာလည်လိုက်နေရပါတယ်။ အလှူတစ်ခုဆို အနည်းဆုံး ပုံ၃၀၀လောက်ရိုက်လေတော့ ၅၀%က စိတ်ကြိုက်ပုံတွေ ချည်းပါဘဲ။ ပို့စ်ထဲမှာ ကြိုက်သမျှပုံတွေ ထည့်ဖို့ကလည်း မဖြစ်နိုင်၊ ဒီပုံလေးတွေကို ဒီအတိုင်းမသိမ်းထားချင်ပဲ အားလုံးကို မျှဝေချင်မိတာနဲ့ Save The Agedရဲ့ ဒေးဒရဲရေအလှူကစလို့ စကားပြောသောဓာတ်ပုံများဆိုပြီး Tag တစ်ခုခွဲကာ စိတ်ကြိုက် ပုံလေးတွေ ရွေးတင်ပေးခဲ့ပါတယ်။
“အနန္တ္တမေတ္တာဘုန်းတော်ကြီးစာသင်ကျောင်း” မှာ လှူဒါန်းခဲ့တဲ့ Save The Aged အဖွဲ့ရဲ့ ဇူလိုင်လအတွက် အလှူမှာ ရိုက်ယူခဲ့တဲ့ပုံတွေထဲက ရင်ထဲ တွယ်ငြိခဲ့ရတဲ့ ပုံများကို ကြည့်လိုက်ကြ ရအောင်နော်..။

အနားစုတ်ဖွာ၊ အရောင်လွင့်နေတဲ့ ကျောင်းရှေ့က သာသနာ့အလံတော်က ....
ဒီကျောင်းလေးရဲ့ နွမ်းပါးတဲ့ ပကတိအခြေအနေကို ဖော်ကျူးနေသယောင်ယောင်..။

ကျောင်းကလေးရဲ့ အရှိအတိုင်း မျက်နှာစာမြင်ကွင်း......

ရွှံ့ဗွက်များနဲ့ဝိုင်းရံနေသောနေရာကို အနန္တမေတ္တာဘုန်းတော်ကြီးစာသင်ကျောင်း..
ဟု ခေါ်ပါသည်။

ဒီလိုသဲအိတ်လေးတွေခံပြီး ကျော်လွှားသွားရတယ်...

ကျောင်းဆောင်တစ်ခုနဲ့တစ်ခုကြားက လူသွားလမ်းလေး...
တိုးဝင်နေတဲ့ အလင်းရောင်စဉ်တန်းနဲ့အတူ....

Save The Aged ရဲ့ ကမ်းလင့်လက်များ...

ကြည်ညိုဖွယ်အဆင်းနဲ့ ကျောင်းထိုင်ဆရာတော်

သံဃာတော်များလည်း သတိထားလို့ ကြွရတာ...

ပေကျံနေတဲ့ ဗွက်များကို ဆေးကြောရာနေရာ..

Save The Aged ရဲ့ နွေးထွေးအကြင်နာ....

Save The Aged ရဲ့ မွန်မြတ်စေတနာ....

Save The Aged ရဲ့စာနာတရား...

Save The Aged ရဲ့ နွေးထွေးရင်ခွင်....

အရုပ်ကလေးက ဒီလိုချိုးရတယ် မောင်လေးရ....

ဒကာမလေး မဲပေါက်တဲ့ အရုပ်နဲ့ ...
ကိုရင် မဲပေါက်တဲ့ နားဆွဲလေး ...
လဲကြအောင်နော်...။

သားကိုလည်း ဒီကလေးတွေနဲ့ တစ်ပုံလောက်ရိုက်ပေးပါ အစ်မရယ်...

သစ်ပင်စိုက်ပွဲ အတူယှဉ်နွဲ...

ကျန်ရစ်ခဲ့သူတို့ရဲ့ နှုတ်ဆက်ဟန်........

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာကိုလည်း သူတို့လေးတွေသိသင့်တယ်..။

သူတို့ကလေးတွေ့ရဲ့ ပျော်ရွှင်စွာ ရယ်မောသံဟာ Save The Aged အတွက် နတ်စောင်းသံပါ..။

ချီးမြှင့်ထိုက်သူကို ချီးမြှင့်တာဟာ မင်္ဂလာတစ်ပါးမဟုတ်ပါလားရှင်..။

ကလေးများကိုအရေးတယူစကားပြောခြင်းဟာလည်း သူတို့ရဲ့ စိတ်ဓာတ်လေးတွေကို မြှင့်တင်ပေးနေတာပါဘဲ..။

ပီဘိသနားစဖွယ် ကလေးငယ်များ...
နှုတ်မဆက်နဲ့ ငိုချင်တယ်.....
အားငယ်၊ ကြည်နူး၊ ရှက်ရွံ့၊ အံ့သြ၊ မင်တက်နေတဲ့ စကားပြောသောမျက်ဝန်းများ......
မှတ်သားစရာ..လိုက်နာစရာ...ဆရာတော်ရဲ့ မိန့်မှာစာ....
သက်မဲ့ဓာတ်ပုံလေးတွေက သက်ရှိလူသားတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တယ်..ဆိုတာ မြသွေးနီ အကြွင်းမဲ့ ယုံကြည်မိပါတယ်။ သင်ရော ဘယ်လိုသဘောရပါသလဲ....???
ဒီနေရာမှာ လည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင်...။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
10 comments:
ဟုတ်ပါတယ်
တကယ်ကို ပုံတွေကြည့်ပြီး မျက်ရည်တောင် ကျချင်မိတယ်.. စိတ်မကောင်းလဲဖြစ်ရပါတယ်..
ကလေးတွေရဲ့ မျက်နှာလေးတွေက ချစ်စရာ သနားစရာ
ဒီလိုနေရာတွေမှာ အများကြီး လှူနိုင်တဲ့သူ ဖြစ်ချင်မိတယ်..
မချောပြောသလို..
စိတ်ထဲရှိတဲ့အတိုင်းလှူနိုင်တဲ့သူဖြစ်ရပါလို၏..။
မမြသွေးတို့ရဲ့ပင်ပန်းမှုတွေဟာသူတို့လေးတွေရဲ့မျက်နှာပီတိလေးတွေကြောင့်ကင်းစင်ပပျောက်သွား
တာပေါ့နော်..။
STA မောင်နှမအဖွဲ့အားလုံးကျန်းမာချမ်းသာလိုအင်ဆန္ဒပြည့်ဝကြပါစေ...
ချစ်တဲ့
သဒ္ဓါ
မြသွေးရေ...အောက်ဆုံးက ကလေးတွေရဲ့ စကားပြောနေတဲ့ မျက်လုံးလေးတွေ....
ဓါတ်ပုံလေးတွေကြည့်ပြီး စိတ်တောင်မကောင်းဘူး.... ဒီလိုနေရမျိုးတွေ လှူသင့်တယ်ဗျာ...
ခင်မင်တဲ့
နေ၀သန်
STA မောင်နှမများရဲ့အလှူဒါနတွေကို
ရူ့မ၀ကြည့်ရသည်မှာ..စမ်းချောင်းလေးထဲစီးဆင်း
နေရသလိုပါပဲ။
အမမြသွေးရေ..ဂုဏ်ယူဝမ်းမြောက်စွာသာဓုခေါ်လျှက်ပါ။
ခင်တဲ့
ခိုင်နုငယ်
ပုံတွေကြည့်ပြီး ဝမ်းသာဝမ်းနည်ဖြစ်ရပါတယ် ။ ရေသားတင်ပြပုံကပဲကောင်းလွန်းနေလို့လား ။ တကယ်အဖြစ်ဆိုတော့ စာတွေ ကဗျာတွေ ဘယ်မှီလိမ့်မတုန်း။ လုပ်ဆောင်မှုတွေကို အားရ ရွှင်မြူးရသလို ကလေးတွေ အဖြစ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ် ။ မြန်မာပြည်မှာ ဒီလိုကလေးတွေ ဘယ်လောက်များ ရှိနေပါလိမ့်။ သူတို့ဘဝလေးတွေ ပန်းလိုလန်းနိုင်ကြပါစေ လို့ဆုတောင်းပါတယ်။
လက်ရှိနေထိုင်တဲ့ ပါတ်ဝန်ကျင် မြင်ကွင်းတွေပဲ တွေ့နေရလို့နဲ့တူတယ်။ ဓါတ်ပုံတွေက ထိထိခိုက်ခိုက် ဖြစ်ရတယ်။
ဘဝတွေက ကွာခြားလွန်းတယ်။ ကလေးတွေရဲ့ အနာဂါတ်လေး တောက်ပပါစေ။
ကလေးတွေမြင်တော့ ငယ်ငယ်တုန်းက ဖောင်တော်ဦး(ဘုန်းတော်ကြီးကျောင်း)မှာ စာသင်ခဲ့ရတာကိုသတိရမိတယ်.. သူတို့လေးတွေစိတ်ဓါတ်ကို ခုချိန်ကတည်းကမြှင့်တင်ပေလိုတဲ့ သွားရောက်လှူဒါန်းသူတွေကို အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်. ခုလိုတောရွာလိုမျိုးနေရာက မြန်မာနိုင်ငံသားများကို ပညာတတ်အရမ်းဖြစ်စေလိုပါတယ်....
လယ်ကွင်းထဲမှာပဲ အချိန်မကုန်းဆုံးသွားစေချင်ဘူး.......
ခေါင်းစဉ်ပေးထားတာနဲ့ဓါတ်ပုံလေးတွေကသိတ်လိုက်ဖက်တာပဲ သူတို့လေးတွေရဲ့စကားသံတွေကိုရင်ဘတ်ထဲမှာကြားယောင်မိတယ်...
အမမြသွေ၏ အတွေးနှင့် မျှဝေချင်တယ်စိတ်ဓါတ်ကို ဂုဏ်ယူအားကျမိတယ်ဗျာ။ကလေးတွေ၏ ဘဝ အမြန်ဆုံတိုးတက်ပါစေဗျာ။
Post a Comment