
အလွမ်းကို
အလွမ်းတွေနဲ့မျှားရင်း
အတော်ကြာကြာအထိုင်ကျခဲ့
အဲဒီ ကမ်းမှာ။
အိပ်လို့မပျော်
နိုးရင်လဲ မပျော်
တစ်ဘ၀စာ အပိုင်စားပေးခဲ့
ရင်ကွဲပက်လက်
အဲ့ဒီကမ်းမှာ။
နှစ်နှစ်ကာကာ ဖြစ်နိုင်ဖို့
ပစ်ပစ်ခါခါ
ချစ်ပြလိုက်စမ်းပါ။
ဟုတ်ကဲ့...
မငိုပေမယ့်
မျက်ရည်ထွေထွေကျရင်း
အဲ့ဒီ ကမ်း မှာ။
ကြိုဆိုပါ၏
နှုတ်ခွန်းဆက်သပါ၏...မလို
အဲ့ဒီ ကမ်း မှာ
အလွမ်းများဗုန်းဗုန်းမလဲခင်အထိ
ရင်ခုန်သံတွေကြားနေရတယ် ။ ။
မှတ်ချက် ။ 06 December 2009 မှ ကဗျာ အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
1 comments:
I heard woman's lamentable wail from the place where it is neither too far nor quite close.
Post a Comment