
အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ ဘယ်သူမှ နားစွင့်စရာ...
မလိုဘူး..။
အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့...
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။
အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို...
မြင့်မြင့်မားမား ထူထောင်ကြတယ်..။
မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့....
အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေအသက်ကိုနင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့....
အဖေနဲ့အမေကိုဝေးကွာစေတဲ့..
အဖေနဲ့အမေဆီက..
သား...သမီး..ကို...
ပျော်ရွှင်ခွင့်မဲ့စေတဲ့....
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
.......စေတဲ့
.......စေတဲ့ ။
ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို...
သက်ဆိုးမရှည်စေချင်ဘူး..။
< မြသွေးနီ >

မှတ်ချက် ။ 02 December 2009 မှ ကဗျာ အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
1 comments:
ကျွန်တော် ဒီကဗျာကို အရမ်းကြိုက်ပါတယ်။ကျွန်တော်လည်းကဗျာဝါသနာရှင်တစ်ဦးပါ။
We want no war.
Post a Comment