အောက်တိုဘာလ(၁) ရက်နေ့၊ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဖြစ်ပါတယ်။ ဒီနေ့အတွက် အမှတ်တရ ပို့စ်လေးတစ်ပုဒ် သေချာရေး ချင်မိတယ်။ ဒါပေမယ့် ကိစ္စပေါင်းများစွာက တန်းစီနေလေတော့ ဘယ်လိုမှ ရေးဖို့ကို အခွင့်မပေးပါဘူး။ မိသားစုအရေးပေါ်ကိစ္စတွေ ပေါ်လာလေတော့ စိတ်သာရှိပြီး လူကမလိုက်နိုင်ဖြစ်နေလေတယ်။
ဒါပေမယ့် ကံကြမ္မာက မြသွေးနီကို မျက်နှာသာပေးပြန်ပါတယ်။ မောင်လေးရဲ့ဇနီး မီးဖွားစဉ်စောင့်ဖို့ အလုပ်က ခွင့်ယူရတယ်။ ကံကောင်းလှစွာ ဆေးရုံက အဖိုးဦးပြုံးချိုနဲ့အတူတူ။ ဆိုတော့ မြသွေးနီရဲ့လူနာက ပထမထပ်မှာ၊ အဖိုးက တတိယထပ်မှာ။ ဒီတော့ မနေ့ကတစ်နေ့လုံး အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းကို မြသွေးနီက ဖြစ်ပါတယ်။ အဖွဲ့ဝင်များ၊ တာဝန်ခံများက အောက်တိုဘာ(၁)ရက်နေ့အလှူအတွက် လိုအပ်တာတွေကို စီစဉ်၊ အဖိုးအနားမှာလည်း အဖွဲ့ဝင်များ တစ်နေ့လုံး မပြတ်လပ်စေရ။
အဖိုးဦးပြုံးချိုက ၀မ်းသာ၊ ကျန်းမာ၊ လန်းဖြာနေပြီ။ သူရဲ့ မြေးတွေက အလျဉ်မပြတ်ခြံရံလို့။ ပြုစုယုယကြလို့။ စားစရာတွေက အလျှံအမယ်၊ ပြုစုယုယမှုတွေက အပြည့်အမောက်နဲ့ပေါ့။ အဖိုးက မျက်ရည်များ ကျလျှက်က ၀မ်းသာပီတိတွေ တလှိုက်လှိုက်ဖြာလို့။
အဖိုးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ဆေးရုံမှာ ဆက်လက်ခံယူရဦးမှာပါ။ ည ၉နာရီခွဲ မြသွေးနီ အိမ်ပြန်ရောက်တော့ ခြေသလုံးတွေ တောင့်လို့။ အိမ်ရောက်လို့ စာရေးမယ်အားခဲပြန်ပေမယ့် တစ်နေ့တာပင်ပန်းမှုက လူကို အနိုင်ယူလို့ ခေါင်းချတာနဲ့ အိပ်မောကျသွားလေပြီ။
ဒီမနက် ရုံးရောက်ပြန်တော့ ခွင့်ယူထားတဲ့ တစ်ရက်အတွက် အလုပ်ကြွေးတွေ အမြန်ဆပ်၊ ခေါင်းထဲမှာတော့ တစ်ခုခုရေးမှ၊ တစ်ခုခုရေးမှနဲ့။ လက်ကာတော့ ချမရေးနိုင်သေး။ ဆေးရုံးကနေ အလှူကိစ္စဖုန်းတွေဝင်လာတာ ပြန်ပြော၊ နေ့လည် အအေးအလှူအတွက် အွန်လိုင်းက မေးသမျှဖြေနဲ့။ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် အဖွဲ့ရဲ့ဆိုက်မှာ ရေးထားသမျှပို့စ်တွေ အလုပ်တစ်ဖက်နဲ့ ၀င်ဖတ်ရင်း ကိုဗေဒါဇော်ရေးထားတဲ့ ပို့စ်လေးဖတ်မိလေတော့ ယခုဒီပို့စ်လေးကို ချမရေးပဲ မနေနိုင်အောင်ဖြစ်လာပါတော့တယ်။ မနေ့က ဆေးရုံမှာ သူနဲ့တွေ့တော့ " အစ်မ.. ဒီတစ်ခါ ကျွန်တော်တကယ် ရေးတင်ခဲ့ပြီ " လို့သူပြောတာကို နားထဲကြားလိုက်မိတယ်။ သူလည်း ကျွန်မလို အလုပ်များလေသူဆိုတော့ စာရေးကောင်းသူတစ်ဦးဆိုပေမယ့် သူ့ပို့စ်တွေ မဖတ်ရတာကြာလို့ ဒီတစ်ခါတော့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ တစ်ပုဒ်လောက်တော့ရေးဖို့ ပြီးခဲ့တဲ့ တစ်ပါတ်ထဲက တိုက်တွန်းထားခဲ့တာပါ။ ကိုဗေဒါဇော်ပို့စ်ကို ဖတ်ပြီး စိတ်ထဲမှာ အရသာရှိတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်ရသလို ကျေနပ်မှုဖြစ်သွားရတယ်။ (Dr.နတ်စိုးစကားငှားသုံးထားပါကြောင်း)။ ဒါနဲ့ နည်းနည်းလေးဖြစ်ရင် ဖြစ်ပါစေ.. ငါ..ရေးမဟဲ့ဆို ဒီပို့စ်လေးရေးဖြစ်လိုက်ပါတယ်။
ကျွန်မတို့ Save The Aged အဖွဲ့ဟာ ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက်နေမှာ စတင်တည်ထောင်ခဲ့တဲ့ တစ်နှစ်သားမပြည့်သေးတဲ့ ပြည်တွင်း+ပြည်ပအွန်လိုင်းက အဖွဲ့ဝင်များရဲ့ စုပေါင်းအားနဲ့ ထူထောင်ထားတဲ့ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့လေးပါ။ ယနေ့ဆို ခိုကိုးရာမဲ့ နွမ်းပါးတဲ့ သက်ကြီးရွယ်အို အဖိုး၊အဖွား (၁၄) ဦးအပါဝင် နောက်တိုး အဖိုး၊အဖွား(၄) ဦး၊ စုစုပေါင်း (၁၈) ဦးရဲ့ စား၊၀တ်၊နေရေး၊ ကျန်းမာရေး၊ ကိစ္စအ၀၀
ကို အဖွဲ့မှ တာဝန်ယူစောင့်ရှောက်ပေးနေနိုင်ပါပြီ။ ဒါ့အပြင် လစဉ်တွဲဖက်ပရဟိတအလှူအနေနဲ့ ဘိုးဘွားရိပ်သာ၊ ဘုန်းတော်ကြီးစာသင်ကျောင်း၊ သီလရှင်ကျောင်း၊ အနာကြီးရောဂါသည်စခန်း၊ မိဘမဲ့HIV ကလေးများ စောင့်ရှောက်ရေးစခန်း တို့မှာလည်း လစဉ်လှူဒါန်းမှု အ၀၀ကို ပြုလုပ်နေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီရေရှားပါးစဉ်ကာလမှာလည်း အမျိုးသားရေးစိတ်အပြည့်နဲ့ အဖွဲ့ဝင်များ ကျေးရွာအရောက် ရေလှူဒါန်းခဲ့ပြီး သောက်ရေကန်၊ အ၀ီစိတွင်းများလည်း တူးလှူနိုင်ခဲ့ပါပြီ်။
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာလ(၁)ရက်နေ့မှာလည်း ကျွန်မတို့ Save The Aged အဖွဲ့အနေနဲ့ အမှတ်မထင် ကုသိုလ်ဒါနပြုဖြစ်ခဲ့တာလေးများ ပြန်လည်မျှဝေချင်မိပါတယ်။
၁။ အဖိုး ဦးပြုံးချိုတက်ရောက် ကုသနေတဲ့ အလုပ်သမားဆေးရုံမှာ မနက်၊ ညနေ(၂)နပ်စာကို လူနာ(၁၀၀)ယောက် နဲ့ ဆရာဝန်ဆရာမများ (၈၁) ယောက်အတွက် ဒီကနေ့မှာ ဒါနပြုလှူဒါန်းပါတယ်။
၂။ လောလောလတ်လတ်ရလိုက်တဲ့ သတင်းအရ အဖိုးဦးပြုံးချိုရဲ့ ကုတင်ခြေရင်းက လူနာအသစ်အတွက်လိုအပ်တဲ့ " အို " သွေး၂လုံးကို အဖွဲ့မှ ကိုဇော်ဆီဆေ့ခ်ျနဲ့ သားလေးတို့က အဖွဲ့အတွက် မြတ်သောအလှူဒါနအနေနဲ့ ယနေ့မှာ သွားရောက်လှူဒါန်းလျှက်ရှိနေပါတယ်။
၃။ အဖွဲ့မှာ တာဝန်ယူစောင့်ရှောက်ထားတဲ့ ကိုယ်စားမိဘတစ်ဦးဖြစ်တဲ့ တောင်ဥက္ကလာပ၊ နန္ဒ၀န်ဈေးနေ အဖွားဒေါ်ကြင်ရွှေ (၇၈)နှစ် တရားစခန်းဝင် လျှက်ရှိတဲ့ အဖွားနေထိုင်ရာ ရပ်ကွက်က ရိပ်သာလေးမှာ အဖွဲ့ဝင်များသွားရောက်လို့ ယောဂီ (၁၆၀) စာအတွက် အအေးဒါနပြုလှူဒါန်း လျှက်ရှိနေပါပြီ။
ကျွန်မတို့ Save The Agedအဖွဲ့လေးရဲ့ ပထမဦးဆုံးအကြိမ် ကြုံကြိုက်ရတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ အခုလို မြတ်သောဒါန ကို ကျွန်မတို့ အဖွဲ့ဝင်များ ဆောင်ရွက်ခွင့်၊ ကြုံကြိုက်ခွင့်ရလိုက်ပါတယ်။ တစ်လက်စထဲ အဖွဲ့က တာဝန်ခံတစ်ဦးဖြစ်သူ ကိုဗေဒါဇော် လတ်လတ်ဆတ်ဆတ် ရေးထားတဲ့ အဖွဲ့ရဲ့ဆိုက်က ပို့စ်လေးကိုလည်း အမှတ်တရ ပြန်လည်ဖော်ပြချင်မိပါတယ်။
~~~~~~~~~~@~~~~~~~~~~
STA အဓွန့်ရှည်ပါစေ
နှစ်စဉ်နှစ်တိုင်း " အောက်တိုဘာလ (၁)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေဖြစ်သည် ။ ထို့ကြောင့် တစ်နေ့ သင့်နေ့ ဖြစ်လာမည်မှာ မလွဲပေ " ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားနေတဲ့ STA အဖွဲ့လေးအတွက် ပထမဆုံး ကြုံကြိုက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဆိုလျင်ဖြင့် မကြာခင် ကျရောက်လာတော့မည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မည်သို့ ဝှဲချီးကျင်းပသည် မသိရသော်လည်း ကျွန်တော်တို့ STA ပရပိာတ လူငယ်များရဲ့ မိမိပတ်ဝန်းကျင် လူမှုနယ်ပယ်မှာ အကြိုလှုပ်ရှားဆောင်ရွက် ကူညီကုသိုလ်ယူမှု့များ ကို ဖေါ်ပြပေးချင်းဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ကြိုဆိုလိုက်ချင်ပါသည်။
နှစ်စဉ်နှစ်တိုင်းလည်း ရောက်လာတဲ့ အောက်တိုဘာ(၁)ရက်နေ့ပါ။ နှစ်စဉ် နှစ်တိုင်းလည်း အမှတ်တမဲ့ ကျော်လွန်ဖြတ်သန်းသွားမိတဲ့ အောက်တိုဘာ(၁)ရက်နေ့ပါ။ STA နဲ့ မပေါင်းဖက်မိခင် အချိန်တွေထိ အောက်တိုဘာ (၁)ရက်နေ့က ဘယ်လိုနေ့မျိုးမှန်းမသိခဲ့မိတာလည်း ရှက်စရာပါ။ လူမှုဝန်းကျင် တစ်ခုလုံးစာလောက်အထိ အတိုင်းအတာ မထမြောက်ခဲ့သည့်တိုင် STA ပရပိာတလူငယ်များရဲ့ရင်တွင်းမှာ ယခုဆိုလျှင် အောက်တိုဘာလ (၁) ရက်နေ့က အတိုင်းအတာ တစ်ခုလောက်ထိ ရောက်ရှိနေမည်မှာ အမှန်ဖြစ်ပါသည်။၎င်း နေ့လေးနဲ့အတူ အိုမင်းမစွမ်း သက်ကြီးတို့ရဲ့ဘဝကို စာနာ ၊နားလည်မှုများစွာနဲ့ ကြင်နာဖေးမ နွေးထွေးပေးတဲ့ လက်အစုံတို့ပာာလည်း ခိုင်မြဲလာခဲ့တာ (၁၀) လဆိုတဲ့ ကာလကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေပေသော်ငြားလည်း ဘဝ(၁၈)ခုကို ထမ်းပိုးထားတဲ့ လူငယ်တွေရဲ့ မွန်မြတ်ခိုင်မြဲတဲ့ စိတ်ထားလေးတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ အခါခါ ဦးညွှတ်အလေးပြုဖြစ်ခဲ့ပါပြီ။ STA အဓွန့်ရှည်ပါစေကြောင်း အထပ်ထပ် ဆုတောင်းရင်း.......။
၂၆.၉.၂၀၁၀ (တနင်္ဂနွေနေ့)
သာယာလှပတဲ့ ရာသီဥတုလေးနဲ့ အတူ မင်္ဂလာရှိတဲ့နေ့ရက်လေးလည်း ဖြစ်ခဲ့ပါတယ်။ တောင်ဥက္ကလာ နန္ဒဝန်ဈေးက အဘွား ဆီသွားပြီး နွေး ထွေးယုယစွာ စကားသွားပြောချင်ပါတယ်ဆိုပြီး မတ်ဆေ့ လေး တစ်ခု ကြောင့် မထင်မှတ်ပဲ လူစုမိသွားတော့ အားလုံးပေါင်း (၃၀) နီးပါးလောက် ဖြစ်သွားသည်။ အဖွဲ့ဝင် အပောာင်းများအပြင် အသစ် လေးငါးယောက်လောက်ကပါ တက်ကြွစွာပါဝင်လာတာကိုလည်း ဝမ်း မြောက် ဖွယ်ရာတွေ့ ရှိခဲ့သည်။ လမ်းထဲ ဝင်သွားတော့ အဘွားက ယခင်တွေ့နေကြနေရာတွင် မရှိသောကြောင့် ပတ်ဝန်းကျင်အားစုံစမ်းရာ ရိပ်သာဝင်နေကြောင်း ကြားသိရသဖြင့် ကျတော်တို့အဖွဲ့လည်း မေးမြန်စုံစမ်း ရင်းနဲ့ တမျှော်တခေါ် လျောက်လိုက်ရာ အထက်တန်းကျောင်း ရှေ့က ဓမ္မာရုံလေးမှာ ယောဂီ (၁၆၀) လောက် (၇) ရက်တရားစခန်း ဝင်နေတဲ့ကြားမှာ အဖွားကို ကျုံ့ကျုံ့လေး တရားမှတ်နေတာ တွေ့လိုက်ရသည်။ ပထမတော့ ကြံရာမရဖြစ်ပြီး အဖွားတရားဖြုတ်ချိန်လောက်မှ ပြန်လာပြီး အားပေးစကား ပြောရန် စီစဉ် ပြီး ဓမ္မာရုံထဲက အထွက် အကြံတစ်ခု ပေါ်လာသဖြင့် ဂေါပက ဦးကြီးကို စုံစမ်းရာ ဝမ်းသာအားရဖြင့် " ပာာ... သိပ်ရတာပေါ့ ဦးတို့ အစစ အရာရာ ကူညီပေးမယ် " ဆိုသောကြောင့် မထင်မှတ်ပဲ အလှူ လေးတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ လိုက်ပါလာသူများအားလုံး ဝိုင်းဝန်းစုထည့်ပြီး လူတစ်ဝက်ခွဲကာဈေးသို့ ချီတက်ကြပါတော့ သည်။
ရိပ်သာဖွင့်တာ သုံးရက်မြောက်နေ့မှာ ကျွန်တော်တို့ရောက်သွားခြင်းဖြစ်သည်။ တရားဖြုတ်ပြီး တစ်နာရီ အနားရချိန်တွင် အဖွားတစ်ဦး ဒါနပြုထား သော ကော်ပြန့်ကျော်များကျွေးရန်စီစဉ်ထား ကြောင်းပြောပြ သည်။ ဒါနဲ့ ကျတော်တို့ အဖွဲ့လည်း အားချင်းစီစဉ်ပြီး နန္ဒဝန်ဈေးမှ အဖွဲ့၏ ကိုယ် စားမိဘသဖွယ်စောင့် ရှောက်ထားသော အဖွားဒေါ်ခင်ရွှေနာမည်ဖြင့် ရိပ်သာဝင်ယောဂီများ အားလုံးအတွက် အအေးဒါနပြုဖို့ စာရင်းပေး အကြောင်းကြားကာ လူခွဲပြီး စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။ ဈေးသို့ပြေးကာ အားတက်သရော အသီးသီး လူခွဲတာဝန်ယူလုပ်ကိုင်လိုက်ရာ မကြာ ခင်မှာပဲ တရားဖြုတ် ချိန်တွင်အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ နိဗ္ဗာန်ဆော်မှ ယနေ့ အလှူရှင်စာရင်းကို မိုက်ဖြင့်ကြေငြာလိုက်ရာတွင် မထင်မှတ်ပဲ အလှူရှင်နာမည် ကြေငြာခံလိုက်ရသဖြင့် နဝေတိမ်တောင် ဖြစ်နေသော အဖွားပုံစံလေးမှာလည်း ချစ်စရာကောင်းနေပါတယ်။ ယောဂီအကျီ င်္လေးက အဖွဲ့က ဝါဆိုလပြည့်နေ့က ချုပ်ပေးထားတဲ့ အကျီ င်္လေးနဲ့ အဖွားမှာ သပ်ရပ်ပြီး ကျက်သရေရှိလှပါတယ်။ အအေးလိုက်ဝေတဲ့ အဖွဲ့ဝင်တွေနဲ့ အဖွားနားမှာသွားပြီး တွတ်တီးတွတ်တာ ချွဲနေတဲ့ မြေးလေးတွေနဲ့ အဖွားမှာပျော်လို့ပေါ့။ အခြားယောဂီများကလည်း လူငယ်လေးတွေဆိုပေမယ့် လေးလေးစားစား ဆက်ဆံပြီး သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေတာကိုလည်း ပီတိဖြစ်ဖွယ်ကြားခဲ့ရပါသည်။ အဖွဲ့ရဲ့ အကြောင်းလေးတွေကိုလည်း မေးတဲ့သူကမေး၊ ဖြေတဲ့လူငယ်လေးတွေကလည်းရည်ရည်မွန်မွန်နဲ့ ပြန်လည် ဖြေကြားနေတဲ့ မြင်ကွင်းလေးပာာဆိုလျင်ဖြင့် STA ရဲ့ ဂုဏ်ဒြပ် လေးကို ယဉ်ကျေးတဲ့ အမူအရာနဲ့ ထပ်မြှင့်လိုက်သလိုပါပဲ။ အားလုံးရဲ့ ပါးစပ်ဖျားမှာ တသသ ဖြစ်ကျန်ခဲ့ပြီး အဖွားနေတဲ့ တစ်ရပ်ကွက်လုံး ပာာဖြင့် အဖွဲ့ရဲ့ လူငယ်လေးတွေကို မျက်မှန်းတမ်းမိနေပြီ အစစအရာရာ ကူညီပေးနေခဲ့တာ ယနေ့ထက်ထိ တိုင်ပါ။ ထပ်တိုး ဘိုးဘွား သုံးဦးကို လည်း ရပ်ကွက်နေ ပြည်သူများကပဲ အဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီသူများကို ကြိုးစားရှာဖွေပေးထားခြင်းလည်း ဖြစ်ပါတယ်။
ရွှေဆိုင်ဖွင့်ထားတဲ့ အဖွားတစ်ယောက်ကလည်း အရမ်းကို ပီတိဖြစ်ရလို့ ဒီကလေးတွေကိုဆရာတော် နဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ဆရာတော် ဆီခေါ်သွားလို့ ဖူးခဲ့ရပါသေးတယ်။ ဆရာတော်ရဲ့ အားပေးချီးမြှောက် သာဓု ခေါ်သံကလည်း အားလုံးအတွက် အားအင်လေးဖြစ်ခဲ့ရတဲ့နေ့ လေးပါ။ မထင်မှတ်တဲ့နေ့လေးမှာ မထင်မှတ်ပဲလုပ်ခဲ့ရတဲ့ သက်ကြီးရွယ်အိုတစ်ယောက်စာသာ မပာုတ်ပဲ သက်ကြီးရွယ်အိုယောဂီများ အားလုံးကို ကုသိုလ်ပြုဖြစ်ခဲ့တဲ့ အောက်တိုဘာ(၁)ရက်နေ့အတွက် အကြိုခြေလှမ်းလေးလည်း ဖြစ်ခဲ့ရပါတယ်။ ၄င်းနေ့မှာလည်း ဥပုသ်နေ့ဖြင့် တိုက်ဆိုင်နေပါ သောကြောင့် သီလယူယောဂီ သက်ကြီးများ အား STA မှ အအေးဒါန လာရောက်ကုသိုလ်ယူမည်ပာုလည်း စာရင်းပေးခဲ့ပါသေးသည်။
နန္ဒဝန်ဈေးမှ လမ်းခွဲပြီး ကျွန်တော်တို့ တစ်ဖွဲ့က ရွှေတိဂုံအရှေ့မုဒ်မှ အဖွဲ့၏ စောင့်ရှောက်ခံကိုယ်စားမိဘ အဖွားတစ်ယောက်ထံသို့ သွားရောက် ခဲ့ပါသေးသည်။ " အဖွား ရောက်ဖူးချင်တဲ့ သွားချင်တဲ့ ဘုရားရှိရင် သားတို့ကိုပြော သားတို့ လိုက်ပို့မယ် " ဆိုပြီး ဂတိပေးထားတော့ အဖွားမှာ ရေမိုးချိုးပြီး ယောဂီဝတ်စုံလေးနဲ့ ထိုင်စောင့်နေပါသည်။ ဒါနဲ့ အဖွားအား ဗိုလ်တစ်ထောင်ဘုရားသို့ ပို့ပေးဖြစ်ခဲ့သည်။ တစ်ခါမှ မရောက်ဖူးဘူး သားတို့ရဲ့တဲ့ အဖွားမှာ အားနာတတ်ပြီး ဘာတစ်ခုမှ မတောင်းဆို မပူဆာပါ။ ဘုရားမှာ လည်း ဘယ်လိုပြောပြော အကြာကြီးမနေပဲ ပြန်မယ်ကြီးပဲ ပြောနေပါတယ်။ နောက်မှ တစ်ယောက်ထဲ တစ်ခေါက်ပြန်လာဦးမယ်တဲ့။ ညနေခင်းလေးမှာ ရန်ကုန်မြစ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေညင်းလေးတွေနဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ အေးချမ်းလို့ နေပါတယ်။ ထို့အတူ အဖွားရင်တွင်းမှာရော......STA မောင်နှမ တွေ ရင်တွင်းမှာပါ အေးငြိမ်းချမ်းသာခြင်းသုခကို ခံစားလိုက်ရတဲ့ နေ့လေးလည်းဖြစ်ပါတယ်။
၂၄.၉.၂၀၁၀ (သောကြာနေ့)
အင်းစိန်သံလမ်းမှအဖွားအားလည်း ရွှေတိဂုံဘုရားသို့လိုက်ပို့ပေးဖြစ်ခဲ့သည်။ အဖွားမှာ တရားကိုသာ လက်ကိုင်ထားပြီး နေထိုင်နေသောကြောင့် အစဉ်အမြဲ အေးချမ်းတည်ငြိမ်နေပါသည်။ အရှေ့ဘက်မုဒ် တန်ဆောင်းမှာ အကြာကြီးဘုရားဝတ်ပြုနေရန် ထားခဲ့ပါဆိုသဖြင့် ကျွန်တော်တို့လည်း ရွှေတိဂုံဘုရားအောင်မြေမှာ ချိန်း ထားသော ညီမသိဂီ င်္ ကို သွားစောင့်နေဖြစ်ခဲ့သည်။ ရိုးလွန်းတဲ့ ညီမလေးမှာ အောင်မြေ ကို ရှာမတွေ့လို့ ဘုရားမှာ မျက်စေ့လည်နေပါသတဲ့လေ။ အပြန်ကြတော့ အဖွားအား တစ်ဖက်တစ်ချက်က တွဲပြီးလမ်းလျောက်လာရင်း ထိုအကြောင်းကိုပြောပြ တော့ အဖွားမှာ အံ့သြတကြီးနဲ့ ရီလို့ပေါ့။ ကျွန်တော်တို့ ပြောသံကြားလို့ အောင်မြေက ဘယ်နားမှာလည်း သမီးတို့လည်း ရှာနေတာဆိုတဲ့ မမ နှစ်ယောက်ကြောင့် အဖွားမှာ အားရပါရကို ရယ်မောဖြစ်သွားသည်။ ပာုတ်တယ်လေ.. သူတို့မေးတဲ့ အောင်မြေဆိုတာ လှမ်းကြည့်ရင်တောင် မြင်ရတဲ့နေရာ။ သူတို့လည်း အဲ့နားကပဲ ဖြတ်လာတာ။ ဒါနဲ့ အဖွားကလည်း သမီးဘာမှ မပူနဲ့ အဖေါ်ရပြီဆိုပြီး အရွမ်းဖေါက်လိုက်သေး တယ်။ တစ်လမ်းလုံး စကားတွေဖေါင်ဖွဲ့ပြောဆိုရင် အဖွားရဲ့ ကြည်နုးချမ်းမြေ့မှုက ကျွန်တော်တို့ ရင်ကိုပါ ကူးစက်စေခဲ့ပါတယ်။ ညချမ်းချိန်ခါမှာ ဆည်း လည်းသံလေးတွေနဲ့ နီယွမ်မီးလျှံတို့ဖြင့် ပူဇော်ထားသည့် ရွှေတိဂုံကုန်းတော်ပေါ်မှာ ဆန္ဒပြည့်မြောက်တဲ့ အဖွားရဲ့ ကြည်ညိုသဒ္ဒါဖြစ်မှုပီတိနဲ့ ကျွန်တော်တို့ STA အဖွဲ့သားတွေရဲ့ နှစ်နှစ်ကာကာ ပြုစုစောင့်ရှောက်မှု ပီတိလေးတွေပေါင်းစပ်ပြီး အလင်းတန်းအဖြစ် ဆံတော်ရှင်ရွှေတိဂုံ ဘုရားကို ပူဇော်ခွင့်ရလိုက်တဲ့နေ့လေးလည်း ဖြစ်ခဲ့ရပါတယ်။ အပြန်လမ်းခရီးမှာတော့ ကိုအောင်မျိုးမင်း (ပဒုမ္မာဖိနပ်ဆိုင် - စမ်းချောင်း ) မှ ကူညီပြီး လာကြိုပါတယ်။ အဖွားအား အိမ်တိုင်ယာရောက် ပို့ဆောင်ပေးပြီး အဖွားနေတဲ့ ဆယ်ပေသာသာ အခန်းကျဉ်းလေးထဲကိုလည်း အလည် ရောက်ဖြစ်ခဲ့ပါသေးတယ်။ အခန်းကျဉ်းလေးထဲမှာ အခန့်ငြားဆုံး ဘုရားစင်လေးကဖြင့် မြင်သူတိုင်း လက်အုပ်ချီလောက်အောင်ကို ဆွဲဆောင် အားကောင်းနေပါတယ်။ မှန်ကျောင်းဆောင်လေးထဲက ကြေးဆင်းတုတစ်ဆူနဲ့ ရှေ့မှာ ပဉ္စဝဂီငါးဦး ပလာစတာ ရုပ်တုလေးတွေနဲ့ အလွန်တရာ သပ္ပါယ် ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားစင်လေးပါ။ အဖွားရဲ့ ယုံကြည်ကိုးကွယ်ဆည်းကပ်ရာ ဘာသာအပေါ် ကြည်ညိုသဒ္ဒါစိတ်တွေကို ဖေါ်ပြ ပေးထားတဲ့ အမှတ်အသားလေးလည်းဖြစ်ပါတယ်။
STA နဲ့ လက်တွဲပါဝင်လာတဲ့ လူငယ်တိုင်း လူငယ်တိုင်းရဲ့ ရင်တွင်းမှာ အောက်တိုဘာ (၁) ရက်နေ့က အရိုးစွဲအောင် ခိုင်ကျဉ်နေခဲ့ပါပြီ။ အိမ် မှာရှိတဲ့ သက်ကြီးရွယ်အိုမိဘ၊ နှစ်ပါး အပြင် ကိုယ်စားမိဘတွေကိုပါ ရိုသေလေးစားစွာဖြင့် အားကြိုးမာန်တက် ပြုစုစောင့်ရှောက်မှု သက်သေအဖြစ် အဘိုး ဦးပြုံးချို ဆေးရုံတက်ခိုက်လေးမှာ အခိုင်အမာ ပြသနိုင်ခဲ့ပါသည်။ ပြည်တွင်း ပြည်ပ STA တစ်မိုးတည်းအောက်က မောင်နှမ တွေ အကုန်လုံး အားကြိုးမာန်တက်နဲ့ မိဘရင်းချာနဲ့မခြား ကူညီဖေးမမှု တို့ဖြင့် သက်သေပြသပြီး၊ သက်သေပြနေဆဲပါ။
ထို့ကြောင့် မကြာခင်မှာ ကျရောက်လာတော့မယ့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် မိမိတို့ အရင်းအခြာသက်ကြီးရွယ်အိုများနှင့် အတူ STA အဝန်းဝိုင်းလေး အတွင်းရှိ ကိုယ်စားမိဘ သက်ကြီး ရွယ် အိုများအတွက်ပါ မအိုခင်က ၊ အိုဒုက္ခ ကို တွေးဆ စာနာ စွာဖြင့် ရိုင်းပင်းကူညီ နေကြတဲ့ STA ပရပိာတ လူငယ်များအားလုံးကို ဦးညွှတ်ဂုဏ်ပြုရင်း ဤဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ..။
STA အဓွန်ရှည်ပါစေ..........။
STA အဓွန်ရှည်ပါစေ..........။
STA အဓွန်ရှည်ပါစေ..........။
လေးစားစွာဖြင့်
ဗေဒါ
~~~~~~~~~~@~~~~~~~~~~
ကျွန်မတို့အားလုံးဟာလည်း တစ်နေ့မှာ မလွဲမသွေ နာကြရဦးမှာ၊ အိုကြရဦးမှာပါ။ အို၊နာ၊သေဘေးကို မြတ်ဘုရားရှင်တောင်မှ ရှောင်လွှဲလို့ မရခဲ့ရှာပါဘူး။ ကျွန်မတို့ Save The Aged အဖွဲ့အနေနဲ့လည်း သနားဂရုဏာသက်ဖွယ်ရာကောင်းလှတဲ့ အိုမင်းမစွမ်းအဖိုးအဖွားများကို ကိုယ်အား၊ စိတ်အား တတ်နိုင်သမျှနဲ့ စောင့်ရှောက်ပေးသွားဖို့ သံဓိဋ္ဌာန်ချထားပါကြောင်း....။ ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


10 comments:
မမမြသွေး..
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ STA အဖွဲ့ရဲ့ အလှူတွေအတွက် ၀မ်းမြောက်ဝမ်းသာ
သာဓု ခေါ်ပါတယ်.။ အဖွဲ့ဝင်အာလုံး ကျန်းမာချမ်းသာ ကြပါစေ.။
ချစ်တဲ့
ညီမသဒ္ဓါ
ဟုတ်ပ.. ဖတ်ရတာတောင်ကြည်နုးမိပါတယ်.. ကိုယ်တိုင်လုပ်ဆောင်နေသူများဆို ဘယ်လိုနေမယ် စဉ်းစားလို့ ရနိုင်ပါတယ်..
စေတနာဖြူစင်ကြတဲ့ တစ်ဖွဲ့လုံး အောင်မြင်စွာနဲ့ ရှေ့ခရီးဆက်နိုင်ကြပါစေ။
သက်ကြီးရွယ်အို ဘိုးဘွားများလည်း ကျန်းမာ ချမ်းသာကြပါစေရှင်။
STA အဓွန်ရှည်ပါစေ……….။
STA အဓွန်ရှည်ပါစေ……….။
STA အဓွန်ရှည်ပါစေ……….။
လိုက်မလုပ်ပေးနိုင်လို့ ၀မ်းနည်းပြီး လုပ်နေတာတွေကို ဂုဏ်ယူမိပါတယ်..
မွန်မြတ်တဲ့လုပ်ရပ်လေးတွေမို့ အမြဲ တည်တံ့ပါစေလို့ ဆုတောင်းပါတယ်။
သက်ကြီးရွယ်အိုနေ့ဆိုလို အဖွားမြ ကိုလည်း ဂါရဝ ပြုပါတယ်။
အစ်မရေ......အရမ်းဝမ်းသာပါတယ်....ကျွန်တော်လဲ မအားလို့ မလိုက်နိင်ခဲ့ပါ.... အစ်မ ပို့စ်လေး ကို ဖတ်ပြီး ထပ်တူထပ်မျှပါပဲဗျာ........
မမမြသွေးရေ......................
ပို့စ်လေး က အနည်းအကျဉ်းဆိုပေမဲ့လည်းးးးးးးးးးးးးးးးးး ဖတ်သွားလိုက်ရတာ............အားရစရာကြီးပါဗျာ............
မအားမလပ်တဲ့ကြားထဲက ခုလို့ ပိုစ်လေး တင်ပေးတဲ့မမကို ..အရမ်းလည်းးကျေးဇူးတင်ပါတယ်...... :)
Oct 1 ရက်နေ့မှာ..... ... တက်အားသမျှ ပါဝင်လုပ်ဆောင်ကြတဲ့........ STA မောင်နှမများအားလုံးးးးးးးးးးးးးးးအရမ်းးကိုလေးစားမိပါတယ်ဂျာ..................
မမြသွေးရေ..မအားတဲ့ကြားက ပို့စ်လေးတွေ မပျက်မကွက် ရေးပေးနေတာ ကျေးဇူးအထူးပါ။
အလှုတွေ အသေးစိတ်ရေးပေးလို့လဲ မျှဝေကြည်နူးခွင့်ရလို့ ထပ်မံကျေးဇူးပါ။
သာဓုပါနော်။
STA အဓွန့်ရှည်ပါစေ
ချီးကျူးမိပါတယ်၊ အဖိုးအဖွားတွေလည်း ကျန်းမာချမ်းသာပါစေ၊
STA အဖွဲ့သားတွေအားလုံးနဲ့ မမြသွေးနီကိုယ်တိုင်လည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ခင်မင်လေးစားလျှက်
STA အဖွဲ့ ကျစ်လျစ်ခိုင်မာစွာဖြင့် ဆထက်ထမ်းပိုး ကျိုးစားဆောင်ရွက် နိုင်ပါစေလို့ မေတ္တာပို့ပါတယ် ။
ငြိမ်းစိုးဦး
Post a Comment