ကျွန်မတို့ မိန်းကလေးအတွက် အဆင်တန်ဆာထဲမှာ ဖိနပ်ကလဲ မရှိမဖြစ် အဆင်တန်ဆာတစ်မျိုးပါ။ ကျွန်မကိုယ်တိုင် အသုံးအဆောင်တွေ အမျိုးမျိုး ထဲမှာ ဖိနပ်ကိုတော့ တော်တော်လေး ခရေးဇီးဖြစ်မိပါတယ်။ ကျွန်မအရပ် ကလန်ကလားကြီးနဲ့ ဖိနပ်အမြင့်တွေ မက်မက်စက်စက်စီးသူပါ။ ဒီနေ့ တော့ ညီမလေးနှင်းဆီသံစဉ်ဆီကနေ ဒေါက်မြင့်ဖိနပ်ပုံတွေလည်းတွေ့ရော " Wooow.... Amazing.... " ဆို အော်မိတော့တာပါပဲ။ ဒါနဲ့ ညီမလေးကို ခွင့်တောင်းလို့ ပြန်လည်မျှဝေလိုက်ရပါတယ်..။
ကဲ... ကြည့်လိုက်ကြရအောင်နော်...။

..ဖိနပ်ခွာကို အသားပေးထားတာ...


...သွားကျိုးမယ့်ဖိနပ် လို့သာ အမည်ပေးလိုက်ချင်ရဲ့...

...ဒီဖိနပ်ပုံလေး မဆိုးဘူး....

....အရောင်အသွေးစုံ နဲ့ ဆန်းပြားဒီဇိုင်း...

...ကျားသစ်ကွက်...

... ဒီကြံ့ ဦးချိုအချွန်နဲ့ ကန်ခံလိုက်ရလို့ကတော့ မချောင်ဘူးနော်...

....ဂြိုလ်သားစတိုင်....

...

....ပြိုင်ကားလေးများလေလား...

.....အလကားပေးတောင် မစီးဘူး .... :)

....ခွေးလေးတစ်ကောင် မာန်ဖီနေသလို....

...အူယားစရာ လုပ်မှလုပ်တတ်ပလေ....

....ဘုရား ဘုရား ဘယ်လိုစီးရပါ့......

..... သူ့ထက်မြင့်တာတောင် သူ့လောက်မမြင့်နိုင်ဘူး...

....ကဲ ဂိမ်းဝါသနာရှင် မမများအတွက်...

....ဆွဲခြင်းတောင်းပုံကြီးပါလားဝေ့....

....မသိရင် တယ်လီဖုန်းစင်လေးကြနေတာပဲနော်...

...နွေးထွေးမှုရှိပုံရပေမယ့် ဘရိတ်မိဖို့တော့လိုလိမ့်မယ်...

.....လမ်းလျှောက်ရင်း အသက်ရှုမမှားမိစေနဲ့...

....ဗယ်လင်တိုင်း ချစ်သက်လက်ဆောင်...

.....ဒဏ်ကြေလိမ်းဆေးလူးရမယ့်ဖိနပ် ...ဘဲလေးအက က တတ်ရင် စီးနိုင်လောက်ရဲ့...


...ချစ်တော့ချစ်စရာ...ဒါပေမယ့် ရှက်လဲရှက်စရာ...

....ဒူးရင်းသီးဖိနပ်လေးတွေ မွှေးတယ်နော်...

...သိပ်တော့မဆိုး...ဒါပေမယ့် ခြေချောင်းလေးတွေ အိုက်ရှာမှာ..


...ဘုရား ဘုရား...မြင့်ပါတယ်ဆိုမှ လုပ်ပုံက ၂ထပ်...

....ဘယ်လောက်များ ပေါ့ပါးနေလိုက်မလဲနော်...









...နူးညံ့တဲ့ ပန်းခြေနင်းလွှာများ...

....မဟာဆန်သူ....

....ဒါလောက်ဆို မဆိုး.....

....ဒါလေးကတော့ ကြိုတင်ဦးလိုက်ပြီ...ဒီတစ်ရံပဲ ကိုယ်နဲ့ အံဝင်ခွင်ကြဖြစ်တာမို့ပါ...

.....သူ့လောက်ရှုပ်တာတောင် သူ့လောက်မရှုပ်နိုင်ဘူး....

...မြွေတွေလိုလို... သစ်ကုလားအုတ်တွေလိုလို...

...လေ၀င်လေထွက်တော်တော်ကောင်းမယ့်ပုံ...
စိတ်ကူးထူးထူးခြားခြားနဲ့ ဆန်းဆန်းပြားပြား ဖန်တီးနိုင်တာ အံ့သြလို့မဆုံးပါဘူး ။ တချို့ဖိနပ်တွေက လမ်းလျှောက်ဖို့တောင် ဘယ်လိုမှ မဖြစ်နိုင် တာမျိုးပါ။ ဒါပေမယ့် ဒေါက်ဖိနပ် အချွန်အမြင့်ဆိုတာမျိုးက စီးလိုက်ရင် ကိုယ်နဲ့ တစ်သားထဲဖြစ်ပြီး ပေါ့ပါး သက်တောင့်သက်သာရှိနေရမယ့် အမျိုး ပါ။ လှတာလေးတစ်ခုထဲ ရွေးလို့ကတော့ တစ်ခါ နှစ်ခါထက်ပို မစီးနိုင်။ သိမ်းထားလိုက်ပေတော့ ဘီဒိုထဲမှာ..။ ဒါကြောင့် ကျွန်မ ဒေါက်ဖိနပ်ဝယ် ရင် ဘယ်တော့မှအားမနာ။ သေချာရွေး။ သေချာဝတ်ကြည့်ပြီး အပြန်ပြန်အလှန်လှန် လမ်းလျှောက်ကြည့်၊ ကိုယ်နဲ့ အံဝင်ခွံကျဖြစ်မှ ၀ယ်တတ်ပါတယ်။ တစ်ခါက ကေင်မလေးလှလှလေးတစ်ယောက် သူ့ချစ်သူရဲ့ လက်မောင်းအိုးကြီးကို အားပါးတရ မှီခိုတွယ်ထားတာတွေ့လိုက်လို့ တယ်ချစ်ကြပါလားဆို ကြည့်လိုက်တာ လား...လား... သူမလေး စီးထားတဲ့ ဖိနပ်က အောက်ခံက မရှိဘူးဆို အထူ ၈လက်မလောက်ရှိမယ်.. ဆိုတော့ ဒေါက်ကြီးက လည်း အရှည်ကြီးပဲပေါ့။ လူလေးက လှပုံလှလျှက်နဲ့ ကိုယ့်ပစ္စည်းနဲ့ကိုယ်ဒုက္ခလှလှတွေ့နေတာ မျက်မြင်ကြုံဘူးခဲ့ပါရဲ့။ ခောတ်မှီ လှပပေါ့ပါးတဲ့ ဒေါက်ဖိနပ်စီးထားပြီး စတိုင်ကျသူများနဲ့ တွေ့ပြီဆိုရင်တော့ မြသွေးနီတစ်ယောက် ကြည့်လို့မ၀၊ ရှူလို့မ၀နဲ့ပေါ့။ မြသွေးနီကတော့ ဒေါက်ဖိနပ် လှလှလေးများစီးလိုက်ရင် အလိုလို စမတ်ကျသွားပြီး ယုံကြည်မှုတွေရှိလာသလို ခံစားရမိတယ်ရှင့်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေရှင်။
မြသွေးနီ
12 comments:
နားမလည်တဲ့ ဘာသာဗေဒ တစ်ခုမို့.... အဟတ်
လက်ဆောင်ဘယ်သူ့ ပေးရရင်ကောင်းမလဲလို့ စိတ်ကူးယဉ်သွားပါ၏။
ညီမလဲ ဖိနပ်ကို တော်တော်လေး နှစ်သက်တတ်သူပါ.. အစ်မ ပုံထဲက ဖိနပ်တွေကတော့ စီးရင် တော်တော်ဒုက္ခရောက်မဲ့သဘောရှိတယ်.. ဒူးရင်းသီးဖိနပ်တော့ လိုချင်သား. ရန်ကုန်မှာ ဘတ်စ်ကားစီးရင်အတော်အသုံးဝင်မယ်.. အနားကပ်လာရင်ဖိနပ်က လက်နက်တစ်မျိုးဖြစ်သွားပြီ..
ရန်ကုန်လာရင်လက်ဆောင်ဝယ်ပေးရမယ်နော်... အစ်မအတွက်တော့ အောက်ဆုံးကဖိနပ်ကို ကိုယ်တိုင်လုပ်ပြီးလက်ဆောင်ပေးပါ့မယ်.. ကြိုက်တယ်ဟုတ်း)
မမြင်ရဘူးဗျာ နောက်တခေါက်မှ လာကြည့်မယ်
အိုဘားမား ကတော့ဖိနပ် အားလုံး.ကြိုက်တယ်။....အားလုံးလည်းလိုချင်တယ်..။
မီရှယ်လ် ကိုတစ်နေ့ တစ်ရံစီးခိုင်းမယ်..။ ဒါမှ..အိုဘားမားလက်မောင်းကို သူမလွှတ်
တမ်းကိုင်ထားမှာပေါ့..။.
၅ပုံမြောက် ၄ရံတွဲပြထားတဲ့ပုံထဲက ဘယ်ဘက်အောက် ကော်ဖီဖျော့အရောင်ခံပေါ် အနီအနက်လုံး ဒီဇိုင်းလေး အဲလောက်ရိုးရိုးပဲ ကြိုက်တယ်...ဖိနပ် ပုံဆန်း မကြိုက်ဘူး မြသွေးရဲ့ မစီးရဲဘူး ...မစီးခင် သွားတွေ အာမခံအရင်ထားရမဲ့ပုံပဲ ဟ ဟ .....:P
ဆန်းဆန်းပြားပြား လူသတ်လက်နက်များ လို့ နာမည် ပြောင်းရတော့မလိုဘဲး)
ဖိနပ်တွေက ကြောက်ခမန်းလိလိပဲ...။
ဖိနပ် တွေကတော့ အသဲယားစရာ ကြောက်ခမန်းလိလိပါပဲ..ဒူးရင်းသီးဖိနပ်ကို အကြိုက်ဆုံးးးး :D
ပြပြီးမှတော့မရတော့ဘူး..။ဝယ်ပေးရမယ်..။ ဖိနပ်ဆိုခရေဇီဖြစ်တယ်..။
ချစ်တဲ့
သဒ္ဓါ
ယောက်ျား လေးတွေအတွက်လည်း ဒီဇိုင်းအသစ်ထွင်ပါဦးလို့  ပြောပေးပါ
မမရဲ့ဒေါက်ဖနပ်လေးတွေ..အရမ်းလှတာဘဲ။..ကြည့်ုပြီး...လိုချင်လို့..အသဲယားနေပြိ..
မနေ့ကတောင်..ဒေါက်တစ်ရံဝယ်ဖြစ်သေးတယ်..။နောက်လဲပုံလေးတွေတင်ပေးပါနော်..
အမရေ..လှလှပပ..ပုံဖော်ထားတဲ့
ဖိနပ်လေးတွေလာကြည့်သွားတယ်။
အမြင့်ကြီးတွေဆိုတော့..မစီးရဲဘူး။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
အာရိုးးးးး ထူးတထွေလာတွေပါလား...
ကိုယ်က ဖိနပ်အမြင့်တွေ ကြိုက်တယ် မြသွေးရဲ့... ဒါပေမယ့် အရပ်က မြင့်နေလေတော့ သိပ်အမြင့်ကြီးတွေ စီးဖို့ မကောင်းလှလို့ ၂ လက်မခွဲ ၃ လက်မ အလွန်ဆုံးပဲ ဝယ်ဖြစ်တယ်...။
Post a Comment