Thursday, June 16, 2011

အဖြူဆွတ်ဆွတ်ရေပူစမ်းများနဲ့ အမိုးပါ သဘာဝရေကန်




သဘာဝ ရေပူကန်များ

http://bignpromo.com/wp-content/uploads/2011/03/pamukkale-spring.jpg



Image Hosted by PicturePush - Photo Sharing



 

ပြည်တွင်းခရီးသွားများနဲ့ နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွားမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။ အဲဒီ ရေပူစမ်းရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၁၀၀ ဒီဂရီအတွင်းမျာ ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းလေးမှာ အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာ ဟာ အဖြူရောင် ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်းဖြစ်ရတယ်လို့ ဆိုပါတယ်။



Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing








ရှေးခေတ်ကာလကတည်းက ထင်ရှားခဲ့တဲ့ Pamukkal ဒေသဟာ ရောမခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး ရေပူချိုး ဇိမ်ခံရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုဒေသတစ်ဝိုက် မှာရှေးရောမခေတ်လက်ရာ ဘုရားကျောင်းများစွာနဲ့ အထွဋ်အမြတ်ထားစရာ နေရာဒေသများ ရှိနေတဲ့ နေရာဖြစ်လို့ သန့်စင်သော မြို့တော်လို့ လူသိများကြပြီး Apollo ဘုရားကျောင်းဟာ မာဘယ်လ် ကျောက်သားများဖြင့် ပြုလုပ်ထားပြီး ခုချိန်ထိတိုင် ကျောက်တိုင်ကြီးများ အခိုင်အခံ့ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း Pamukkal ဒေသဟာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စားစွာ သွားရောက်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။




http://www.altinkumholiday.co.uk/interior_Apollo_Temple_altinkum_didim.jpg



http://www.altinkumholiday.co.uk/temple1.jpg



~~~~~~~~@@@~~~~~~~~~~~




အမိုးကလေးနဲ့ သဘာဝ ရေကန်



Image Hosted by PicturePush - Photo Sharing


တက္ကဆက်ပြည်နယ်မှာ Hamilton ရှိတဲ့ ရေအိုင်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက  မြေအောက်မှာရှိတဲ့ မြစ် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ရေအိုင်ဖြစ်ပါတယ်။ ထူးခြားတာက ရေအိုင်ဟာ စက်ဝိုင်းပုံသဏ္ဍန် မြေအောက်မှာ ဖြစ်ပေါ်နေတာဖြစ်ပြီး မြေပြင်ဟာ ရေကန်ရဲ့ အပေါ်မှာ တစ်ဝက်တစ်ပျက်  အမိုးခုံးကြီးသဏ္ဍာန် ဖြစ်ပေါ်နေခဲ့ပါတယ်။ ၄၅ ပေမြင့်တဲ့ ၄င်းမြေပြင်ပေါ်ကနေ အရှိန်ဖြင့် စီးကျနေတဲ့ လှပသော ရေတံခွန်ရှိနေတာကလည်း ရေအိုင်ရဲ့အလှကို ပိုပြီး ထူးခြား လှပနေစေပါတယ်။ Austin ကနေ ၂၃မိုင် ကွာဝေးတဲ့နေရာမှာ ဖြစ်ပေါ်နေတဲ့ Hamilton ရေအိုင်ကြီးဟာ Austin မှာ နေထိုင်ကြသူတွေနဲ့ အလည်ရောက်နေကြသူတွေ နွေရာသီမှာ ရေကူးအပန်းဖြေဖို့ သိပ်ကို နှစ်သက်သဘောကျကြတဲ့ နေရာဖြစ်ပါတယ်။ ရေကန်ရဲ့ ဘေးပတ်ပတ်လည်မှာ ကျောက်လွှာတွေဟာ အထပ်ထပ်နဲ့ ဝန်းရံနေပြီး ၄င်းတို့ကြားထဲမှာ ရေညှိလွှာတွေ၊ ဒရင်ကောက်ပင်တွေနဲ့ ကျောက်တောင်တွေမှာ ရှင်သန်နေထိုင်တတ်တဲ့ ပျံလွှားငှက်တွေ နေထိုင်ကျက်စား ရှင်သန်ပေါက်ဖွားနေပါတယ်။ ရေကန်ရဲ့ အမိုးမျက်နှာကျက်ကနေ ထုံးကျောက် ကျောက်ခက်ပန်းဆွဲတွေလည်း အချောင်းလိုက် စီရီတွဲလွဲ ဆွဲကျလို့နေပါတယ်။



Image Hosted by PicturePush - Photo Sharing


Hamilton Pool by Nick Conde-Dudding




Image Hosted by PicturePush - Photo Sharing



Hamilton Pool


http://farm3.static.flickr.com/2477/3645071340_b131feff17.jpg

http://farm4.static.flickr.com/3654/3645032588_2c77333298.jpg


Image Hosted by PicturePush - Photo Sharing



http://farm4.static.flickr.com/3629/3644201529_4b11394bfd.jpg

ပျော်ပျော်ပါးပါး ရေကစား


သို့သော်လည်း သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ မြေအောက်ရေကန်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့ ခြုံပင် နွယ်ပင်တွေကြောင့် ရေကန်ရဲ့ သန့်စင်မှုကို မကြာခဏ စစ်ဆေးဖို့ လိုအပ်သလို ရေကူးနိုင်ခွင့်ကိုလည်း အခါအားလျော်စွာ တားမြစ်ထားလေ့ရှိပါတယ်။ တကယ်လို့များ သင်သာ အဲဒီနေရာကို ရေကူးဖို့ ရောက်နေခဲ့မယ်ဆိုရင် ရေမကူးခင်မှာ တာဝန်ရှိသူတွေကို ရေကန်ထဲက ရေရဲ့ သန့်စင်မှုကို စစ်ဆေးပေးဖို့ အရင်တောင်းဆိုသင့်ပါတယ်။ ရေကန်ဟာသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ဧရိယာအတွင်းမှာ ပါဝင်တာကြောင့် ၄င်းပတ်ဝန်းကျင်မှာ ငါးမျှားခြင်း၊ တောင်တက်ခြင်း၊ စခန်းချနေထိုင်ခြင်း၊ မီးမွှေးခြင်း၊ အစားအစာ ချက်ပြုတ်စားသောက်ခြင်း၊ ခွေးစသော တိရိစ္ဆာန်များ ခေါ်ဆောင်သွားခြင်း စသည်တို့ကို တားမြစ်ထားပါတယ်။ ရေကန်ကို သွားရောက်လိုသူများအတွက် ကားပါကင် စီစဉ်ထားရှိသော်လည်း  တစ်ကြိမ်လျှင် ကားစီးရေ ၇၅စီးသာ ထားနိုင်တဲ့အတွက် လူအသွားအလာ များတဲ့နေ့မျိုးမှာ ကားနေရာရဖို့ကို စောင့်ဆိုင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။




ဗဟုသုတအဖြစ် ပြန်လည် မျှဝေပါသည်။ 




Image Hosted by PicturePush - Photo Sharing

0 comments:

Post a Comment