Wednesday, June 15, 2011

ငါးမက်မွန်ပေါင်း

ဒီတစ်ပတ်တော့  ငါးမက်မွန်ပေါင်းနဲ့ အာလူးထမင်းကို ချက်ကျွေးပါမယ်နော်။ ဒီနှစ်မျိုးကို တစ်ရက်တည်း ချက်စားဖြစ်တာတော့ မဟုတ်ပါဘူး။ သီးသန့်စီ ချက်တာပါ။ ကျွန်မနေတဲ့မြို့ကလေးမှာ ဒီရာသီဆို မက်မွန်သီး( peach) တွေ လှိုင်လှိုင်ပေါပါတယ်။ ဒါကြောင့် ရာသီပေါ် အသီးအနှံများနဲ့ ဟင်းတွေချက်ဖို့ ဝါသနာထုံတဲ့ ကျွန်မက ငါးကို မက်မွန်သီးနဲ့ ပေါင်းဖို့ စဉ်းစားမိပါတယ်။


ငါးကို မက်မွန်သီးနဲ့ပေါင်းဖို့အတွက် ပထမဦးစွာ ငါးတစ်ကောင်ကို ကြေးထိုး၊ ဗိုက်ခွဲ၊ ရေစင်အောင်ဆေး သင့်တော်တဲ့ အတုံးလေးတွေ တုံးပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်ဖြူ ခပ်များများ၊ နံနံ၊ ပဲငံပြာရည်တို့ဖြင့်ရောနယ်ပြီး နှပ်ထားပါတယ်။


အဆာပလာဖြင့် နှပ်ထားစဉ်


Image Hosted by PicturePush - Photo Sharing



လတ်ဆတ်သော မက်မွန်သီး ၃လုံးခန့်ကို ရွေးပါတယ်။ ပျော့အိနေတဲ့ အသီးများ မဖြစ်ဖို့ ဂရုစိုက် ရွေးချယ်သင့်ပါတယ်။ ရေစင်အောင် ဆေးပြီး ပါးပါးလှီးပါတယ်။



ပါးပါးလှီးထားတဲ့ မက်မွန်သီးများကို ငါးရဲ့ အပေါ်ကနေ ဖုံးအုပ်ပါတယ်။ ပြီးနောက် ငရုပ်သီးပါးပါးလှီးထည့်၊ ငရုပ်ကောင်းမှုန့်ဖြူးပါတယ်။  ပေါင်းလိုက်ချိန်မှ ငါးထဲမှရေများ အလိုလိုထွက်လာတဲ့အတွက် ရေသီးသန့်ထည့်စရာ မလိုတော့ပါ။


Image Hosted by PicturePush - Photo Sharing



ထို့နောက် ငါးပန်းကန်ကို ရေနွေးငွေနဲ့ ပုံပါအတိုင်းပေါင်းလိုက်ပါတယ်။ အဖုံးအုပ်ဖို့တော့ လိုပါလိမ့်မယ်။ မိနစ်၂၀ခန့် ပေါင်းပြီးရင် အိုးပေါ်ကချကာ  အပေါ်ကနေ ပါးပါးလှီးထားတဲ့ နံနံပင် ပြန်အုပ်ပါတယ်။




ငါးမက်မွန်ပေါင်း


အရသာရှိပြီး မက်မွန်သီးနံ့လေး သင်းသင်းမွှေးနေတဲ့ ငါးမက်မွန်ပေါင်းကို ရပါပြီ။


~~~~~~@@@~~~~~~



အာလူးထမင်းပြုလုပ်ဖို့အတွက်တော့ ထမင်းကို ခပ်ပျော့ပျော့ချက်ဖို့ လိုပါတယ်။ လုပ်နည်းမှာ ငါးထမင်း ချက်နည်းအတိုင်းသာ ဖြစ်သော်လည်း ငါးပြုတ်မပါတာတစ်ခုသာ ကွဲပြားပါတယ်။

 

Image Hosted by PicturePush - Photo Sharing 

အာလူးပြုတ်၊ ကြက်သွန်ဖြူဆီချက်၊ ဆီချက်အနီ၊ ပဲပုတ်ကြော်အမှုန့်၊ ခရမ်းချဉ်သီး ဆီသတ်ချက်၊ ကြက်ဥပြုတ်

 

အာလူးထမင်းအတွက် လိုအပ်တဲ့ အဆာပလာများကို အထက်ပါအတိုင်းပြင်ဆင်ထားပါတယ်။.

Image Hosted by PicturePush - Photo Sharing

 

ထမင်းပျော့ပျော့ကို ဇလုံထဲခူးထည့် အာလူးနဲ့ ဆီချက် ခရမ်းချဉ်သီးချက် စသည်အဆာပလာများနဲ့ ဆား၊ အရသာမှုန့်တို့ ထည့်ပြီး နယ်ပါတယ်.
 


Image Hosted by PicturePush - Photo Sharing 

နယ်ပြုပြီး အဆင်သင့်ဖြစ်နေတဲ့ အာလူးထမင်း

 

Image Hosted by PicturePush - Photo Sharing

 
စားဖို့ အဆင်သင့်
 
 
တကယ်တမ်းတော့ ငရုပ်သီးကြော်နဲ့ ပိုပြီးလိုက်ဖက်သော်လည်း အဲဒီနေ့က အိမ်မျာ ငရုပ်သီးအခြောက် ကုန်နေတာမို့ ငရုပ်သီးစိမ်းနဲ့သာ တွဲဖက် စားလိုက်ရပါတယ်ရှင်..
 
 
 
အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့သော Weekend ဖြစ်ကြပါစေလို့
 
 
Image Hosted by PicturePush - Photo Sharing

0 comments:

Post a Comment