Thursday, September 23, 2010

ဆည်းဆာရိပ်မှ ပုံရိပ်များ


အဖွဲ့ဝင်အဟောင်းအများစုပါဝင်တဲ့ ကျွန်မတို့ Save The Aged အဖွဲ့ဝင် ထက်ဝက်ခန့်ဟာ ၁၉.၉.၂၀၁၀ နေ့ " သုခရိပ်မြုံ " ကို သွားတဲ့နေ့မှာပဲ မလှမ်းမကမ်းမှာရှိတဲ့ ဂီလာနဘိုးဘွားများကို စောင့်ရှောက်ထားရာ၊ Save The Aged အဖွဲ့မှ လစဉ်ဆေးဝါးလှူဒါန်းနေရာဖြစ်တဲ့ " ဆည်းဆာရိပ် " ကိုလည်း ရောက်ခဲ့ကြပါတယ်။ တစ်နေ့စာလှူဒါန်းခဲ့ပြီး အဖိုးအဖွားများ ထမင်းစားချိန် ကြုံကြိုက်တာမို့ အဖွဲ့ဝင်တွေ ကိုယ်တိုင် နွေးထွေးစွာကူညီ ကျွေးမွေးခဲ့ကြပါတယ်။ ဆည်းဆာရိပ်ကို မလိုက်ခဲ့ရသူများအတွက် ရသမျှပုံတချို့ကို ပြန်လည်မျှဝေလိုက်ရပါတယ်။



"ဆည်းဆာရိပ်"  ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ သန်လျှင်မြို့မှာ သာမကပဲ အရှေ့ဒဂုံ၊ ရန်ကုန်မြို့မှာလည်း တည်ရှိပါတယ်။ အခုလောလောဆည်မှာတော့ အဖိုး(၂) ဦးနဲ့ အဖွား(၈) ဦးစောင့်ရှောက်ထားတာသိရပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးဖို့ပဲဖြစ်ပါတယ်။






လူမျိုး၊ဘာသာမရွေး၊ ဆွေမျိုးမဲ့၊ ကျွေးမွေးထောက်ပံ့မယ့် သားသမီးမရှိသူ ဘိုးဘွားများ။ သားသမီးရှီသော်လည်း ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေမရှိတဲ့ ဘိုးဘွားများကို လက်ခံစောင့်ရှောက်ပေးနေပါတယ်။




အသက် (၇၀)နှင့်အထက် ဘိုးဘွားများကိုသာ လက်ခံပြီး လိုအပ်ပါကလည်း ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေကို ထည့်သွင်းစဉ်းစားကာ အသက်ကန့်သတ်ချက်ကို အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ညှိနှိုင်းလက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။





ဂီလာနဘိုးဘွားများနဲ့ ပတ်သက်ပြီးတော့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ လှုပ်ရှားနိုင်စွမ်းကိုကြည့်ပြီး တစ်ဦးခြင်းစီရဲ့ လိုအပ်ချက်တွေကို ဆရာဝန်များရဲ့ ညွှန်ကြားချက်အတိုင်း ကျန်းမာရေး ၀န်ထမ်းများနဲ့ စေတနာရှင်များမှ စံနစ်တကျ ပြုစုစောင့်ရှောက်ပေးယုံသာမက ဘိုးဘွားတွေရဲ့ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အခါမလပ် ကြည့်ရှု့စောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်အလှည့်ကျ သွားရောက်ကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပါတယ်။



19092010694.jpg


ဘိုးဘွားတွေအတွက် အဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အ၀တ်အထည်နဲ့ နေရာထိုင်ခင်းတို့အား သန့်ရှင်းစွာထားခြင်း၊ ဘိုးဘွားများအား မိမိကိုးကွယ်ရာ ဘာသာအလိုက် ပွားများအားထုတ်မှုကို ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးပါတယ်။


19092010697.jpg












လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စားပြီိး ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အိုဘိုးဘွားများကို ချစ်မြတ်နိုးပြီး စိတ်ရှည်စွာ သည်းခံပြုစုနိုင်သူ ၀န်ထမ်းများကိုသာ ရွေးချယ်ခန့်အပ်ထားတယ်လို့ သိရပါတယ်။



သွားရောက်လှူဒါန်းလိုသူများအနေနဲ့ " ဆည်းဆာရိပ် " ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အမှတ် ၈၀၃/၈၀၅၊ အရှေ့ဒဂုံ၊ ရန်ကုန်မြို့၊ ဖုန်း - ၇၃၀၁၈၀၀၇ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ရှင်..။



ကိုယ်တိုင်သွားရောက်ခဲ့ရခြင်း မရှိတာမို့ အချက်အလက်များကို " ဆည်းဆာရိပ် " လက်ကမ်း စာစောင်မှ ရယူပါတယ်။ ဓာတ်ပုံများကိုတော့ ကိုဗေဒါဇော်မှ မျှဝေပါတယ်ရှင်။ ဆည်းဆာရိပ်ကို သွားရောက်ခွင့်မရလိုက်တဲ့ အဖွဲ့ဝင်များလည်း ကျေနပ်လိမ့်မယ်လို့ ထင်မိပါတယ်ရှင်။


ဒီနေရာလေးမှာလည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင် ။


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။

11 comments:

မေပယ်လ် said...

ထပ်တူ ကြည်နူးရပါတယ်
ပရဟိတလေးတွေ ဒီ့ထက်မက စွမ်းဆောင်နိုင်သူ ဖြစ်ပါစေ..။

မေဇွန် said...

အရမ်းလိုက်ချင်ပေမယ့် အကြောင်းကြောင်းကြောင့် ပျက်ကွက်ခဲ့ရတာကို ခွင့်လွှတ်ကြပါနော်..
သာဓုခေါ်နေပါတယ်.......

sosegado said...

လုပ်ဆောင်နေသူအားလုံးကို ချီးကျုး သာဓုခေါ်ပါသည်။

ချစ်ကြည်အေး said...

ညီမနဲ့ STAတဖွဲ့သားလုံးရဲ့ ကောင်းမှုတွေအတွက် သာဓု သာဓု သာဓုပါညီမရေ....

မိုးယံ said...

သာဓု ဗျာ သာဓု သာဓု

ခရေ said...

အဘိုးတို့ဆီ မရောက်လိုက်ပေမဲ့ ရောက်သွားသလို ခံစားရပါတယ် မမရေ

kaungmalay said...

အားလုံးက သွေးစက်ပန်းကန်ပဲ အာရုံရောက်နေကျတယ် ဟီး

မိုးညချမ်း said...

မလိုက်ဖြစ်ခဲ့ရလို့ စိတ်မကောင်းပါဘူးဂျာ ... အဘိုး၊ အဘွားတို့နဲ့လည်းတွေ့ချင်တာကို .. ခုလို ပိုစ့်လေးပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ် မမရေ ...

ခိုင်နုငယ် said...

အမရေ..ရောက်လာဖတ်ရူ့
ပီတိဖြစ်ရပါတယ်။
အမနဲ့ STAတဖွဲ့သားလုံးရဲ့ ကောင်းမှုတွေအတွက်
သာဓု....သာဓု.....သာဓုပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဖိုးအဖွားတွေကို ခုလိုတယုတယ ကျွေးမွေးနေတာ မြင်ရတော့ ကြည်နူးမိတယ်..
စိတ်ချမ်းသာဖို့လည်းကောင်းတယ်
ပါဝင်ကုသိုလ်ယူကြသူများ အားလုံးကို လေးစားချီးကျူးမိပါတယ်..
အဖိုးအဖွားများအားလုံး ခုလိုနွေးထွေးတဲ့ မေတ္တာရိပ်မှာ ခိုလှုံနိုင်ပါစေရှင်။

ဖြိုရိုဇာ said...

ပီတိဖြစ်စရာလေးပါနော်
အားလုံးရဲ့လုပ်ဆောင်ချက်တွေအတွက်
ချီးကျူးဂုဏ်ယူမိပါတယ်

Post a Comment