Save The Aged အဖွဲ့အတွက် အမှတ်စဉ်(၁၆) အင်တာဗျုးလေးတင်ဖို့ပြင်ဆင်နေတုန်း အဖွဲ့ဝင်ညီမလေးစနိုးက သတင်းပေးလာတယ်။ ၂၈လမ်းက အဖိုးကို အခုပဲ ဆေးရုံတင်လိုက်တယ်တဲ့။ ကျွန်မရင်ထဲ ဒိန်းကနဲ ဖြစ်သွားရတယ်။ ဒါနဲ့ အဖိုးရဲ့ ရာဇ၀င်ကို ပြန်လှန်လှောလိုက်တော့ ကျန်းမာရေးမကောင်းသူ အဖိုးဦးပြုံးချို ဖြစ်နေတာ သိလိုက်ရတယ်။ ဒါနဲ့ ဆေးရုံရောက်နေတဲ့ တာဝန်ခံများကို ဖုန်းဆက် သတင်းမေး၊ အွန်လိုင်းမှာ ရှိနေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့ဝင်တွေဆီ သတင်းပို့..နဲ့ ကျွန်မစိတ်တွေ ပြာယာခတ်သွားရတယ်။ စိတ်ကို အအေးဆုံးပြန်ထား အဖွဲ့ရဲ့ဆိုက်ဖြစ်တဲ့ www.savetheaged.com မှာ ချက်ချင်း အဖိုးအတွက် သတင်းပို့စ်တစ်ပုဒ်ကို အောက်ပါအတိုင်း တင်လိုက်မိပါတယ်။
၂၈လမ်းမှ အဖိုးဦးပြုံးချို ဆေးရုံတင်လိုက်ရခြင်း
Save The Aged အဖွဲ့ရဲ့ ကိုယ်စားမိဘအဖြစ် တာဝန်ယူစောင့်ရှောက်ထားသော အဖိုး ဦးပြုံးချို (၇၅) နှစ်၊ ၂၈လမ်း ကုန်သွယ်ရေး၊ သမ၀ါယမမှာ ညစောင့်အဖြစ် လုပ်ကိုင်ရင်း မှီခိုနေထိုင်ရသူသည် ကျန်းမာရေးအခြေအနေ ယိုယွင်းလာပါသဖြင့် ယနေ့သုခဆေးခန်းတွင် ပြသရာ အသည်းအခြေအနေမကောင်းခြင်း၊ သွေးပေါင်ချိန် အလွန်အမင်းတက်နေခြင်းကြောင့် ချက်ချင်းဆေးရုံတင်ရန် ညွှန်ကြားလာပါသဖြင့် ယနေ့ညနေ အချိန်တွင် အလုပ်သမားဆေးရုံသို့ ချက်ချင်းတင်လိုက်ရပါသည်။ အဖိုးမှာ ယခုသတင်းရချိန် ၅နာရီခွဲအချိန်တွင် ဆေးရုံအရေးပေါ်ဌာနတွင် ဆရာဝန်ကြီးများ၏ ကြီးကြပ်မှုနဲ့ ဆေးကုသခံယူနေရပါသည်။ အဖွဲ့မှ တာဝန်ခံ ကိုဗေဒါဇော်၊ ကိုဝေယံမင်းတို့မှ အနီးကပ်စောင့် ပေးနေကြပါသည်။ လောလောဆည် Save The Aged (S'pore) မှ မသိဂီ င်္၏ အဖိုးအတွက် ရည်ရွယ် လှူဒါန်းထားသော ငွေကျပ် ၅သောင်းကို စတင်သုံးစွဲပေး နေပါသည်။
အဖိုးမှာ မည်သည့် အသုံးအဆောင်ပစ္စည်းမျှမရှိပါ။ အဖိုးအတွက် ၀တ်ဆင်ရန် အိကျီ င်္၊ ပုဆိုး နှင့် မျက်နှာသုတ်ပုဝါမှစပြီး အစစအရာရာ လိုအပ်နေပါ သည်။ ဆေးရုံတက်ရမည့် လူမမာတစ်ဦးလိုအပ်သည့်အရာများ အားလုံးလိုလို ဘာမျှမရှိပါ။ အဖွဲ့ဝင်များ၏ စာနာမှု၊ ပြုစုမှု၊ ဖေးမမှုများ မုချ လိုအပ်လျှက်ရှိနေပါပြီ။
အဖိုးကို ညအိပ်စောင့်ရန် အဖွဲ့ဝင်ယောကျာ်းလေးများက တာဝန်ယူစီစဉ်ပေးလျှက်ရှိပါသည်။ အဖိုးနေထိုင်ရာရုံးမှလည်း ဆေးရုံဆင်းလာပါက ဘိုးဘွားရိပ်သာတစ်ခုခုတွင် ထားရှိပေးရန် ပြောလာပါသဖြင့် အဖွဲ့မှ လိုအပ်သည်များ ဆက်လက် စီစဉ်ပေးသွားမှာ ဖြစ်ပါသည်။
အဖွဲ့မှာ အဖိုးဦးပြုံးချို၏ ကျန်းမာရေးအခြေအနေကောင်းမွန်သည်အထိ ဆေးကုသပေးသွားမှာဖြစ်ပြီး အဖိုးရဲ့ ကျန်းမားရေး အခြေအနေ ထူးခြားမှုများကို အဖွဲ့ဝင်များသို့ ဆက်လက်သတင်းထုတ်ပြန်ပေးသွားပါမည်။
အဖိုးဦးပြုံးချို နေကောင်းကျန်းမာလာဖို့အတွက် Save The Aged အဖွဲ့ဝင်များအားလုံးနဲ့အတူ ၀ိုင်းဝန်းဆုတောင်းပေးကြပါစို့...။
Save The Aged ( ရန်ကုန်) မှ သတင်းထုတ်ပြန်ပေးပါသည်။
အဖွဲ့က စောင့်ရှောက်ထားတဲ့ အဖိုး၊ အဖွားတွေထဲမှာ အဖိုးအဖွားတွေ မကျန်းမာလို့ ဆေးကုသပေးခဲ့ရတာမျိုးရှိခဲ့ပေမယ့် ယခု အဖိုးဦးပြုံးချိုကတော့ ပထမဆုံး အတွေ့အကြုံအနေနဲ့ ဆေးရုံတင်ဖြစ်ခြင်းပါ။ အဖိုးတစ်ယောက် အဖွဲ့ဝင်များရဲ့ မေတ္တာနဲ့ ပြန်လည် ကျန်းမာလာပါစေလို့ ကျွန်မရင်ထဲ တဖွဖွ ဆုတောင်းမိနေပါတော့တယ်။
အဖွဲ့ရဲ့ဆိုက်ဖြစ်တဲ့ ဒီနေရာလေးမှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


20 comments:
အမရယ်... ကြားကြားချင်း အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ်စားမိဘလို့ ဆိုတဲ့အတိုင်း ကိုယ့်မိဘရင်းသဖွယ် သဘောထားလို့ မျက်ရည်တောင် ၀ိုင်းမိပါတယ်။ အဘိုးအမြန်ဆုံး သက်သာပျောက်ကင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ STA (SG) မှ မောင်နှမများအားလုံးကလည်း ၀ိုင်းဝန်းကူညီလို့ ဆုတောင်းပေးကြမှာပါ။ အဘိုး ကျန်းကျန်းမာမာနဲ့ ဆေးရုံကအမြန်ဆုံးဆင်းရလို့ ဝေဒနာအားလုံး ပပျောက်သွားနိုင်ပါစေရှင်။ ရန်ကုန်မှ ပြုစုလုပ်ကိုင်ပေးသူ တာဝန်ခံများ၊ အဖွဲ့ဝင်များအားလုံးနဲ့ စေတနာရှင်များအားလုံးကိုလည်း ချီးကျူးလေးစားလို့ သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။ (မရေ... ပို့စ်တင်ပြီး သတင်းပေးလို့ ကျေးဇူးပါနော်။)
ဆေးရုံတက်တဲ့ ပထမဦးဆုံးညစောင့် တာဝန်ကို
နွယ်ပင် နဲ့ သားမောင် တို့က သွားစောင့်ပေးနေကြတယ်လို့သိရပါတယ်။
နောက်ညတွေမှာလည်း အသင်းမှ ယောင်္ကျားလေးလူငယ်များ သွားစောင့်ပေးကြမှာပါ ။
လိုက်စောင့်ပေးကြမယ့် လူစာရင်းများလည်း များလာပြီဖြစ်ပါတယ် ။
ဖိုးဖိုး မြန်မြန်နေကောင်းကျန်းမာလာပါစေ..
စေတနာရှင် လူငယ်အဖွဲ့လေးများကိုလည်း
လေးစားပြီးရင်း လေးစားရင်းပါပဲ..။
အဖိုးဦးပြုံးချို အရင်လိုပဲ ပြုံးပြုံးချိုချိုနေနိုင်ပါရန် ..
ရင်ထဲမှ ..ဆုတောင်းပေးလိုက်ပါတယ်ဗျာ
အဖွဲ့ရဲ့ စေတနာကို ထင်ထင်ရှားရှားတွေ့ရတဲ့ သာဓကလေးပါဘဲ။
ကိုယ့်မိဘသဖွယ် စိတ်ပူပြီး လိုအပ်သမျှ ချက်ခြင်း ကူညီပေးချင်ကြတဲ့ စေတနာ့ရှင်များကို ချီးကျူးလေးစားမိပါတယ်..
ဒီလိုလူတွေများလာခြင်းအားဖြင့် လောကကောင်းကျိုးကို ပိုပြီး ဆောင်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်.. ပြုစုစောင့်ရှောက်သူမရှိကြတဲ့ သက်ကြီးရွယ်အိုများအတွက် အားတက်စရာပါ။
အဖိုး အမြန်ဆုံးနေကောင်းကျန်းမာပါစေ။ လို့ ဆုတောင်းမေတ္တာ ပို့သမိပါတယ်.
မရေ...
ကျေးဇူးပါနော် သတင်းပေးတဲ့အတွက် ငြိမ်းတို့ လည်း ခုမှ သိရပါတယ် ကြားကြားချင်း စိတ်ထဲ ပူလောင်လိုက်တာ ...
ကိုလွင်မောင် သွားစောင့်ပေးနေတယ်ဆိုလို့ လည်း ၀မ်းသာရပါတယ် ..... ။။
ငြိမ်းတို့ စင်္ကာပူမှ မောင်နှမတွေ အားလုံး ၀ိုင်းဝန်း ဆုတောင်ကြမှာပါ အဖိုးကျန်းမာရေးမြန်မြန်ကောင်းဖို့ ပါရှင် ..... ။။
်အဖိုးဦးပြုံးချို မြန်မြန်နေကောင်းပါစေလို့ အဝေးကနေ ဆုတောင်းလိုက်ပါတယ် .. စိတ်ထဲ မှာတော့ မကောင်းဘူးဗျာ ..
မမြသွေးရေ ... ပို့စ်လေးချက်ချင်းတင်ပေးလို့ ကျေးဇှုးတင်ပါတယ်။
အဖိုးအမြန်ဆုံး ပြန်ကောင်းလာဖို့ ဆုတောင်းပေးနေသလို အားလုံး ပို့သသောမေတ္တာတွေကြောင့် အဖိုး အမြန်ဆုံး ပြန်ကောင်းလာမယ်ဆိုတာ သေချာယုံကြည်ပါတယ်။ အဖိုးကို တခါမှတော့ မမြင်ဖူးဘူး။ ဒါပေမဲ့ မနက်ဖြန် မနက် သွားကြည့်လိုက်မယ်နော်။ အဲဒီဆေးရုံမှာပဲ ရှိဦးမယ်ဟုတ်။ ဘာတွေယူသွားဖြစ်လဲ ဆိုတာ ပြန်ပြောမယ်နော်။ ၀ယ်တာတွေထပ်နေမှာစိုးလို့။ အခြေခံ လိုအပ်မဲ့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာခွက်၊ သောက်ရေခွက်၊ ရေခွက်၊ မတ်ခွက်၊ ဇွန်း၊ ထမင်းစားပုဂံပြားနဲ့ အာဟာရဖြစ်စေမဲ့ မုန့် တချို့ကတော့ သေချာပေါက်ယူသွားမှာပါ။ ကျန်တာတော့ ကြည့်လိုက်ဦးမယ်။ ပြန်လာမှ ပြန်ပြောပါမယ်။ အရေးကြီးတာ လူရှာမတွေ့မှာပဲ စိုးရိမ်တယ်။ ဆေးရုံကို အဖိုးနာမည်မေးလိုက်ရင်တော့ တွေ့မယ်ထင်ပါတယ်နော်။
အဘိုး မြန်မြန်ပြန်လည်ကျန်းမာလာပါစေလို့ မိုးညလည်းဆုတောင်းနေပါတယ် ....
မမရေ..အဘိုးတွက်အိမ်ထမင်းအိမ်ဟင်းကိုဇလပ်ချက်ပြီးသွားပို့ပေးပါ့မယ်မမ
နောက်12ကနေ5နာရီကိုလဲဇလပ်စောင့်ပေးလို့ရပါတယ်ရှင်
ဝမ်းမြောက်စွာ သာဓု၃ကြိမ်ခေါ်ပါတယ် ညီမဇလပ်ရေ..။
မနေ့က ညနေက ဆေးရုံကိုရောက်သွားတော့ အဖိုးအတွက် အကျီ၊ ပုဆိုးနဲ့ အနွေးထည် လိုအပ်နေတာတွေ့လို့ အဖိုးအတွက် အကျီနဲ့ ပုဆိုးတွေ (ညလေးရဲ့ကိုကြီး ခရီးသွားနေတုန်း သူ့ဗီရိုကို မွေလာခဲ့တာပါ... :P) ယူလာခဲ့ပါတယ် ..
ညနေ ရုံးဆင်းတာနဲ့ ညလေး ဆေးရုံကို သွားပေးပေးပါ့မယ်..
သာဓုခေါ်ပါတယ် ညီမလေးအိသိဂီ င်္ရေ...
ညီမလေး ကိုကြီးကို ပြန်လာရင်တော့ ပြောပြလိုက်ဦးနော်။ ;)
မချောကေလင်းရေ...
ပြည့်ပြည့်စုံစုံပြောပေးသွားလို့ ကျေးဇူးတင်ရကြောင်းပါ။
အခုလိုသိရတော့ ကျန်တဲ့သူတွေလည်း နောက်ဆုံးအခြေအနေအမှန်ကို သိနိုင်တာပေါ့နော်။
ကျေးဇူးတင်စွာ...
မြသွေး
update သတင်းတွေ တင်ပေးတာကိုရော . အားလုံးရဲ့ ဂရုဏာကြီးစွာနဲ့ အဖွဲ့ အတွက် လှုပ်ရှားနေကြတာတွေ အတွက် STA ရဲ့ မောင်နှမ များအားလုံးကိုလေးစားခင်မင်လျက်ပါ ဗျာ ..အဖွဲ့ အတွက် ဂုဏ်ယူ မိပါတယ် ...
ဒီနေ့ပဲဇလပ်ဆေးရုံကို ထပ်ရောက်ခဲ့ပါတယ်ရှင်...ဘိုးဘိုးကမြေးလေးတွေမျက်နှာလေးပြူံးနေပါတယ်..
အဲဒါနဲ့ မနက်ဖြန်ဘိုးဘိုးဘာစားမလဲဆို မေးမြန်းပြီး မနက်ဖြန်သွားပို့ပေးပါမယ်ရှင်..ဆေးရုံစောင့်မဲ့သူတွေ
အတွက်လဲလဘ္ဘက်သုပ်လေးသုပ်ခဲ့ပါမယ်ရှင်....
အဘိုးအတွက် သောကြာနေ့ထမင်းပို့ဖို့ တာဝန်ယူထားပါတယ်ရှင်....အဘိုးက ပုဇွန်ဟင်းကြိုက်ပုံရတယ်...ဘာဟင်းစားချင်လဲမေးတော့ အားနာလို့ ကြုံတာစားနေကျဆိုတော့ ကြုံသလိုပဲ စားပါ့မယ်တဲ့...ညီမလေးဂျပ်တို့နဲ့ အတင်းမေးတော့မှ ပုဇွန်လေးတော့ စားချင်တယ်တဲ့...
၁၂ သားဘ၀ထဲက စစ်အတွင်းမှာပြေးရင်းလွှားရင်း ရှိခဲ့တဲ့မောင်နှမ ၆ယောက်နဲ့တကွဲတပြားစီဖြစ်ခဲ့ရာက ဘ၀ကိုတကောင်ကြွက်ဘ၀နဲ့ ရုန်းကန်လာရပါတယ်တဲ့.... အဲလိုရုန်းကန်ရင်းနဲ့ တတ်နိုင်သမျှ အဘိုးအဘွားတွေကို စောင့်ရှောက်ခဲ့တဲ့အကျိုးက အခုတော့ ပြန်ပြီးရောင်ပြန်ဟပ်နေပါပြီလို့ အဘိုးက ဒီနေ့ပြောပြခဲ့ပါတယ်...
ကျွန်တော်လဲ မနေ့ညနေက ရောက်ခဲ့ပါတယ်.. အဖိုးက အခြေအနေ ကောင်းပါတယ်..ကျွန်တော်တို့ ရောက်သွားတော့ ပြုံးပျော်နေပါတယ်....ညအိပ်မဲ့လူတွေလဲ ရောက်နေကြပါပြီ....လူတွေလဲ တော်တော် စုံနေဲကြပါတယ်.. ခုလို မိဘ နေမကောင်းဖြစ်နေတဲ့ အချိန်မှာ မောင်နှစ်မ တွေ စုံနေတာ မြင်ရတာ ၀မ်းသာစရာ ကောင်းပါတယ်ဗျာ...
တကယ်စိတ်မကောင်းပါဘူး အဘိုးမြန်မြန်နေကောင်းပါစေလို့ ဆုတောင်းရင်း အဖွဲ့က ညီအကိုမောင်နှမတွေ
ကိုလည်း တကယ် အားကျနေမိတယ်။
ဒီကနေ့ ညစောင့်တာဝန်အဖြစ် ကိုထွန်းထွန်း နဲ့ ကျနော် တာဝန်ယူထားကြပါတယ်
Post a Comment