
...ကောင်းကင်ရဲ့မိုး ...
- ကြာလှပါပေါ့
ငါ့ကောင်းကင်မှာ
မိုးခေါင်နေခဲ့တာ....။
- ဒီနေ့တော့
မထစ်ချုန်းပဲ
အငြိုးတကြီးနဲ့ရွာ..။
- ငါ့မြက်ပင်လေးတွေ
လေယူရာ
ယိမ်းနွဲ့ကာ...။
- အေးစိမ့်လို ရွှဲရွှဲစိုအောင်
မိုးတိမ်လေး
ညို့ခဲ့ရတာ...။ ။
Blogger Templates created by Deluxe Templates
Wordpress by cubex
Copyright 2010 ပုလဲဖြူဖြူ
All rights reserved.
Powered by Blogger
20 comments:
ချစ်စရာ ကဗျာလေးပါလား အစ်မရေ
မရွာတာကြာလို့ ရွာတဲ့မိုး
ရွဲရွဲစိုအောင် ရွာပါစေ မြက်ပင်လေးတွေ စိုလို့မက
ရင်ထဲထိ အေးစိမ့်အောင် စိုသွားပလေ့စေပေါ့။
စာရေးသူတော့ ဘယ်လိုအာဘော်နဲ့ ရေးတယ်မသိ../
ဒီကဗျာလေး ဖတ်လိုက်ရတာ တိုတိုလေးနဲ့ ထိတယ် ..။
ပြီးတော့ တရားသံလေးလိုလို ဘာလိုလိုလဲ ဆင်ခြင်မိလိုက်သလိုပဲ..။
မဆင်ပဲ ဗြုန်းကနဲရွာတဲ့..မိုး..
အိမ်သာထဲကမိုး...ဘာမိုးလဲ......
မိုးတွေက ငိုတာလား ၊ ညိုတာလားဗျာ ..
ဘာပဲဖြစ်ဖြစ် ပေါ့ပါးသွားတာပေါ့ :)
အဲ.... နှစ်ခုခု လည်း ဖြစ်နိင်တယ်။
ဒီနေ့တော့ ပျော်စရာ တခုခုနဲ့ ကြုံထားတယ် ထင်တယ်။
တခုခုတော့ တခုခုပဲ..
နှစ်ခုမဟုတ်ဘူး သုံးခုဖြစ်နိုင်တယ်...မိုးသံကြားရင် လွမ်းသလိုလို ဆွေးသလိုလိုဖြစ်လာတယ်..
ချစ်တဲ့
သဒ္ဓါ
တစ်ခါ တစ်ခါ မညှာမတာ အငြိုးတကြီးနဲ့ ရွာတဲ့မိုးကို မုန်းတယ်
လှိုင်းလေထဲက ဘဝတွေကို သူ ခဏခဏ ခြွေယူသွားတယ်။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
* ကြာလှပါပေါ့
ငါ့ကောင်းကင်မှာ
မိုးခေါင်နေခဲ့တာ….။
ခေါင်းစဉ်လေးကိုတွေ့တွေ့ချင်းရောက်လာမိတယ် အမရေ ...
လောလောဆယ် ကျွန်တော်လည်း မိုးကိုမျှော်နေတာ .. :(
အေးစိမ့်လို့ ရွှဲရွှဲစိုအောင် ခဏပဲ ရွာသွားပြီးတော့ နေအရမ်းပူလာမယ်ဆိုရင်လည်း သစ်ပင်လေးတွေမှာ အရမ်းခံစားရ ခက်သွားမယ်နော် ။ လောလောဆယ် ကျွန်တော်တော့ နေအရမ်းပူတဲ့ ဒဏ်ကို ခံနေရလို့ ပါဗျာ... (မိုးရွာတုန်းက ရွာပြီး အခုတော့ မိုးက ပြတ်သွားပြီးနေအရမ်းပူနေလို့ပါ.. အရင်ကလို မိုးခေါင်နေတယ် ဆိုတာမှ နေလို့ ကောင်းပါသေးတယ်.. ) :)
ကောင်းကင်ရဲ့  မိုးတွေရယ် ကြောင့် စိုစွတ်မှုလေးကို လာပြီး ကြည်နူးသွားပါတယ် မမရေ
ကျွန်တော့်ရဲ့ကောင်းကင်မှာလည်း မိုးတွေအုံ့နေတယ် အမ ရေ။အလွမ်းမိုးတွေပေါ့...........။
ဘာလို.လဲတော့မသိဘူး မိုးနံ.လေးရတာနဲ.တင်ကို ငိုချင်နေတာ... ;P
ကဗျာထဲကရသကိုစားသုံးမိတဲ့ အခါမျိုးတွင်
ကဗျာသည်ကဗျာရေးသူ၏ခံစားချက်ကိုကဗျာဖတ်သူထံကူးစက်စေသည်။
မင်းလူန
ကဗျာလေးကြိုက်လို့ကွန့်မင့်ပေးချင်တဲ့စိတ်လေးပေါ်လာတယ်။
အဖြစ်ချင်းမတုပေမဲ့အနှစ်ချင်းတူနေလို့ပါ။
မြက်ပင်လေးတွေကိုရေလောင်း၊ပေါင်းသင် သူတွေများနေလို့
မိုးကလေးက..ရွာချင်ပေမဲ့..မရွာပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်..
ဆရာမက ကဗျာလည်းရေးတတ်တာကိုး။အိုဘားမားကရေးချင်ပေမဲ့ရေးတတ်ဖူး။
အဲ..ဒါပေမဲ့မိုးလေ၀သနဲ့ဇလဗေဒသတင်းတော့နားထောင်တယ်..။
ဒိနှစ်အတွင်းမှာ.နေရာစိပ်စိပ်ကို နေရာကြဲကြဲမှာ ကွက်တိကွက်ကြားရွာမယ်တဲ့။
နေရာစိပ်စိပ်ကို မိုးကွက်ကြားလည်းရွာနိုင်တယ်တဲ့။ တစ်ခါတစ်ရန်မိုးသည်းထန်ပြီး
တစ်ခါတစ်ရန်တစ်ဖျောက်ဇျောက်နဲ့ တစ်ဖွဲဖွဲကျမယ်တဲ့။ ရွာတဲ့အခါရွာပြီး
မရွာတဲ့အခါမရွာပြန်ဘူးတဲ့။ နေသာတဲ့အခါမျိုးရှိသလို နေမသာတဲ့အခါလည်းရှိမယ်တဲ့..။
ရွာရန်ရွာနှုန်ုးက ရွာပြီးရင်သိရပါမည်တဲ့..။
ဟူး.................................မောပါ့..။
* အေးစိမ့်လို ရွှဲရွှဲစိုအောင်
မိုးတိမ်လေး
ညို့ခဲ့ရတာ…။ ။
တစ်ခုခု ကျန်ရစ်ခဲ့ရပါတယ် ဒါပေမယ့်
ဘာမှန်း မခွဲခြမ်း မစိတ်ဖြာတတ်တော့ပါ
It's a only my imagination that the appearance of the cloud is in the melancholy.I wonder
whether the cloud is raining drops of water or shedding tears.Whatsoever it may be,
the surest thing is that the cloud has a desire to rejoice the dismal and gloomy grass
without any other relevant reasons.
အစ်မရေ......စာဖတ်ရတာ ဖောင့်တွေ သိပ်အဆင်မပြေဘူး ဖြစ်နေလို့ ကူညီပါအုံးနော်
ဘာဖောင့်တွေကို ဒေါင်းလုပ် ဆွဲရမလဲလို့ သိချင်ပါတယ်အစ်မ.......ပြန်ပေးပါနော်အစ်မ
မိုးညိုနေတဲ့အချိန်မှာ လာဖတ်မိတော့ ငိုချင်သွားတယ်။
လွမ်းလည်း လွမ်းသွားပါတယ် မမမြသွေးနီ။
နှင်း
Post a Comment